မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

နေတိုးနှင့် မဟာမိတ်တို့သည် တူရကီနိုင်ငံအတွင်း တပ်ဖြန့်ထားသော ပက်ထရီးရော့ ဒုံးပျံများအား ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဆီးရီးယား အတိုက်အခံများကို အကူအညီ ပေးသွားမည် မဟုတ်

နေတိုးနှင့် မဟာမိတ်တို့သည် တူရကီနိုင်ငံအတွင်း တပ်ဖြန့်ထားသော ပက်ထရီးရော့ ဒုံးပျံများအား ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဆီးရီးယား အတိုက်အခံများကို အကူအညီ ပေးသွားမည် မဟုတ်ကြောင်း နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Anders Fogh Rasmussen က မတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အဆိုပါ မှတ်ချက်စကားသည် ဆီးရီးယား အတိုက်အခံ ခေါင်းဆောင် Moaz al-Khatib သည် နိုင်ငံမြောက်ပိုင်းအား ထိန်းချုပ်နိုင်ရန် အတွက် အစိုးရ စစ်လေယာဉ်များအား တိုက်ခိုက်ရေးတွင် ပက်ထရီးရော့ ဒုံးပျံများ အသုံးပြုရေးအား တောင်းဆိုခဲ့ပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။ ဆီးရီးယားမှ တူရကီနိုင်ငံ ဘက်သို့ ဒုံးကျည် ကျရောက်လာနိုင်မှုအား ကာကွယ်ရန်အတွက် တူရကီ-ဆီးရီးယား နယ်စပ်တစ်လျှောက် နေတိုးအဖွဲ့ဝင် ၃ နိုင်ငံမှ ပက်ထရီးရော့ ဒုံးတပ်ခွဲ ၆ ခွဲအား တပ်ဖြန့် ချထားခဲ့ကြောင်း သိရှိရ ပါသည်။