မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

ဆေးဖက်ဝင် လက်ဖက်ခြောက်များ၏ ကောင်းကျိုးများ




အမေရိကန် သိပ္ပံ ပညာရှင် များ၏ လေ့လာချက် အရ လူကြိုက်များ နာမည် ကြီးလှတဲ့ ဆေး ဖက်ဝင် လက်ဖက်ခြောက် ၃ မျိုးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေး ကြည့်ရာ ကောင်းမွန်တဲ့ အရည်အသွေး အ မြောက်အမြား တကယ် ပါဝင်ကြောင်း တွေ့ခဲ့ ရပါသတဲ့။ Chamomil Tea ခေါ် လက်ဖက် ခြောက်တွင် ဗက်တီး ရီးယား ပိုးသတ် နိုင်ခြင်းနှင့် သွေးကျဲစေ ခြင်းစတဲ့ ဂုဏ်သတ္တိများ ရှိကြောင်း တွေ့ရတဲ့ အပြင် Hibiscus Tea သွေးတိုး ရောဂါ အပျော့စား လူနာများတွင် သွေးကျအောင် လုပ်ပေး နိုင်ကြောင်း တွေ့ရပါတယ်။ တစ်ဖန် ပူရှိန်း ပါဝင်တဲ့ လက်ဖက်ခြောက် တွေကတော့ ပိုးမွှား သန့်စင် ပေးခြင်း၊ ဗိုင်းရပ်စ် ပိုးသတ်ပေး ခြင်း၊ ကင်ဆာ အကျိတ် မဖြစ်အောင် ကာကွယ် ပေးခြင်းနှင့် ဓာတ်တိုး ဆန့် ကျင်ပစ္စည်းများ ပါဝင် ဂုဏ်သတ္တိရှိ ကြောင်း တွေ့ခဲ့ရ ပါတယ်။