ရှားစောင်း လက်ပပ်သည် အကြီး၊ အငယ်နှင့် ရှားစောင်း လက်ပပ် (အနီ) ဟူ၍ သုံးမျိုး
ရှိသည်။ ရှားစောင်း လက်ပပ် (အကြီး)မှာ ချို၏။ အေး၏။ ဓာတ်များကို
ပြုပြင်
တတ်၍ ခြင်ဆီဓာတ် ပွားများ စေ၏။ ဝဖြိုးစေ၏။ ကာမကို တိုးပွား စေ၏။
အဆိပ် များကို ပယ်ရှင်း စေ၏။ မျက်စိ ရောဂါ၊ အနာ၊ အဖျဉ်း ရောဂါ၊ အသည်း ရော ဂါ၊
ချောင်းဆိုး ရောဂါ၊ ရေယုန် ရောဂါ၊ အရေပြား ရောဂါ၊ ပန်းနာ ရောဂါ၊ ဆီး ရောဂါနှင့်
ကျောက်တည်သော ရောဂါ များကို ကာကွယ် နိုင်သော ဆေးပင် ဖြစ်သည်။
ရေဖျဉ်း ရောဂါ
ဖြစ်ပါက ရှားစောင်း လက်ပပ် (အကြီး) အတွင်းသား အနှစ်အား လက်ချား မီးဖောက် အမှုန့်
အနည်းငယ် ဖြူး၍ စားပါက ရေဖျဉ်း ရောဂါ သက်သာ ပျောက်ကင်း၏။ ရှားစောင်း လက်ပပ် (အကြီး)
အတွင်းသားကို ခပ်ပျစ်ပျစ် ကျို၍ အနာပေါ်သို့ အုံကပ် ပေးပါက အနာနု လျှင်ပိန်၊
ရင့်လျှင် ပြည်ပေါက် ၍ ပျောက်ကင်း စေသည်။ လေရောဂါ၊ လေပူလုံး ရှိသူများ
ရှားစောင်းလက် ရှားစောင်းလက်ပပ် (အကြီး)ပပ် အတွင်းသား ခြောက်ပဲ၊ ထောပတ် ခြောက်ပဲ၊
ကြစုအမှုန့် တစ်ပဲနှင့် သိန္ဓောဆား တစ်ပဲသားတို့ကို ရောစပ်၍ စားပါက လေရောဂါ
ပျောက်၏။
ရှားစောင်း လက်ပပ် အနှစ်ကို ဆန်ဆေးရည်တွင် ၁ နာရီခန့် စိမ်ပါ။
စိမ်ပြီး အနှစ် ငါးကျပ် သားကို သကြား အနည်း ငယ်နှင့် အရည် ထွက်အောင် ခေါက် ၍
သောက်ပါ က နွေ ရာသီ တွင် အဖြစ်များ သည့် ဆီးပူ ဆီးအောင့် ရောဂါ ပျောက်ကင်း စေသည်။ ။
