ရန်ကုန် မတ် ၂၉
ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီသည် ၂ဝ၁၃ ခုနှစ် မဟာ သင်္ကြန် ကာလတွင် ရေကစား မဏ္ဍပ် ဆောက်လုပ်ခွင့် အာမခံ စပေါ်ငွေကို ပေ ၁ဝဝ နှင့် အထက်တွင်
ယခင်က ငွေကျပ် သိန်း ၃ဝ မှ ယခုနှစ်တွင် ငွေကျပ် ၇၅ သိန်း၊ မဏ္ဍပ် အလတ် ယခင်က ငွေကျပ် သိန်း ၃ဝ မှ ယခု ငွေကျပ် ၄၅ သိန်း၊ ပေ ၅ဝ အောက် မဏ္ဍပ် များသည် စပေါ်ငွေ ပေးသွင်းရန် မလို အပ်ကြောင်း သိရသည်။
ရန်ကုန် သင်္ကြန် ကာလတွင် စည်းကမ်းချက် (၂၇) ချက် ချမှတ် ထားကြောင်း ၎င်း စည်းကမ်း ချက်များအား မဏ္ဍပ်များ ၏ တာဝန်ရှိသူ တိုင်းက လိုက်နာရမည် ဖြစ်ကြောင်း၊ လိုက်နာ စေရေး အတွက် မဏ္ဍပ် ဆောက်လုပ်ခွင့် စပေါ်ငွေများ တိုးမြှင့် သတ်မှတ် ရခြင်း ဖြစ်ကြောင်း၊ ယခင်က မဏ္ဍပ် တာဝန်ခံ နှစ်ဦး ထားရာမှ ယခုနှစ် ငါးဦး ထားရမည် ဖြစ်ပြီး ၎င်း တာဝန်ခံ ငါးဦးမှ တာဝန်ယူ ရမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက် ရခြင်းမှာ မိမိ မဏ္ဍပ် များတွင် စည်းကမ်း ပိုမို ကိုင်တွယ် နိုင်ရန် အတွက် တာဝန်ခံ တိုးမြှင့် ရခြင်း ဖြစ်ကြောင်း သိရသည်။