မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

ရွှေတိဂုံစေတီတော် ရင်ပြင်တော် ပေါ်တွင် အလိုအလျှောက်ငွေထုတ်စက် တပ်ဆင်

ရွှတိဂုံစေတီတော် ရင်ပြင်တော် ပေါ်တွင် အလိုအလျှောက်ငွေထုတ်စက် တပ်ဆင်



ရွှေတိဂုံစေတီတော် ရင်ပြင်တော် ပေါ်၌ အလိုအလျှောက် ငွေထုတ်စက် နှင့် ငွေလဲကောင်တာ များ စတင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ၊ ၄င်းစက်များကို ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက် အထိ သတ်မှတ် ထားရှိ အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ပုဂ္ဂလိက ဘဏ် ၄ ခုမှ တစ်ခုဖြစ်သော သမ၀ါယမဘဏ် မှ ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်တွင် အလိုအလျှောက် ငွေထုတ်စက် ထားရှိ ဆောင်ရွက်လျက် ရှိကြောင်း ၊ စေတီတော် ရင်ပြင်ပေါ်၌ အလိုအလျှောက် ငွေထုတ်စက် နှင့် ငွေလဲ ကောင်တာများ ကို မုခ် ၄ မုခ်၌ ဘဏ်တစ်ခုလျှင် စက်တစ်လုံး ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အလိုအလျှောက် ငွေထုတ်စက် နှင့် ငွေလဲ ကောင်တာ များအား ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၄ ခုဖြစ်သော ကမ္ဘောဇဘဏ် ၊ သမ၀ါယမဘဏ် ၊ ဧရာဝတီဘဏ် နှင့် မြန်မာနိုင်ငံသား များဘဏ်တို့မှ ထားရှိ ဆောင်ရွက် ပေးမည် ဖြစ်သည့်အပြင် ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်သော ယူနိုက်တက် အမရဘဏ် မှလည်း ATM စက်တစ်လုံး ထားရှိ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။