Friday, 26 April 2013
"သူများကို ပြစ်တင်ရှုံ့ချတာ ကိုယ့်ဂုဏ်သိက္ခာကျသွားတာပါ"
အပြစ်တင်တာ၊ ရှုံ့ကျတာ၊ ဝေဖန်ချင်နေတာ ဘာကြောင့်လဲ။
သူများကို အပြစ်တင်ရှုံ့ချနေရမှ ကိုယ့်မှာ နေလို့ ဖြစ်သလား။
သူများကို အပြစ်တင်နေရတာ ကိုယ့်ရဲ့မရှိမဖြစ်လိုအပ်တဲ့ ကိစ္စလား။
သူများကို ထိခိုက်သွားအောင် ပြောနိုင် ဆိုနိုင်လုပ်နိုင်မှ ကိုယ့်ကိုယ့်ကို တော်တဲ့သူ၊ စွမ်းတဲ့သူ၊ ထက်တဲ့သူလို့ ခံစားလို့ ရသလား။
သူများ ကိုယ့်ကိုကြောက်နေမှ ကိုယ့်ကိုယ်ကို
စွမ်းအားကြီးတဲ့သူလို့ ခံစားရသလား။
သူများဂုဏ်သိက္ခာကျမှ ကိုယ့်သိက္ခာ တတ်မှာလား။
ဒီမေးခွန်းတွေကို သေသေချာချာစဉ်းစားကြည့်ပါ။
တကယ်လွတ်လပ်တဲ့သူ စိတ်အေးချမ်းတဲ့သူ
ဖြစ်ချင်ရင် ဒီမေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေကြည့်ပါ။
တကယ်တော့ သူများကို ပြစ်တင်ရှုံ့ချတာ
ကိုယ့်ဂုဏ်သိက္ခာကျသွားတာပါ။
ဆရာတော် ဦးဇောတိက
Labels:
သြဝါဒများ
