မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

ကောင်လေးက ကောင်မလေးကို ဒီလိုအမြဲပြောတယ်

ကောင်လေးက ကောင်မလေးကို ဒီလိုအမြဲပြောတယ်

အကြောင်းမရှိ အကြောင်းရှာ ဂျီကျနေတာပဲ
အလုပ်မရှိ အလုပ်ရှာ စိတ်ကောက်နေတာပဲ
စကားမရှိ စကားရှာ လျှောက်စွပ်စွဲနေတာပဲ
အားအားနေ သဝန်တိုနေတာပဲ
တခြားလူကိုရော သူဒီလိုပဲ ဆက်ဆံသလား မပြောတတ်ဘူး?

တကယ်လို့ တစ်နေ့နေ့မှာ
သင့်အပေါ် သူဂျီမကျတော့တဲ့အခါ
သင့်အပေါ် သူစိတ်မကောက် သဝန်မတိုတော့တဲ့အခါ
သင့်အပေါ် တွယ်ကပ်မနေတော့တဲ့အခါ
သင့်ကို ဟိုလို ဒီလို မပြောတော့တဲ့အခါ
သင့်လုပ်သမျှကို မပြုံးမရယ် ဒါမှမဟုတ် မျက်မှောင်ကြုတ်ကြည့်မနေတော့တဲ့အခါ
အဲဒီအချိန်အခါဟာ သူ့ကို သင်လုံးဝဆုံးရှုံးသွားတဲ့ အချိန်ပဲဖြစ်တယ်....