မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 18 April 2013

“အနာဂတ်လှအောင်တည်ဆောက်မယ်"

ကိုယ်လောက်မတတ်ပေမယ့်
ကိုယ့်လောက်မက ထက်ကြ

ကိုယ့်လောက်မတော်ပေမယ့်
ကိုယ်လောက်မက ကျော်ကြ

ကိုယ့်လောက်မကျွမ်းပေမယ့်
ကိုယ့်ထက်မက စွမ်းကြ.

ကိုယ့်လောက်မဦးပေမယ့်
ကိုယ့်ထက်မက ထူးကြ

ကိုယ့်လောက်မမှန်ပေမယ့်
ကိုယ့်ထက်မက ဟန်ကြ

ကိုယ့်လောက်မလုပ်ပေမယ့်
ကိုယ့်ထက်မက ဟုတ်ကြ

ကိုယ့်လောက်မပန်းပေမယ့်
ကိုယ့်ထက်မက လန်းကြ

လောကရဲ့သဘာဝ
မတူညီကြတာအမှန်
ကံဆိုတာအလုပ်ဖြစ်လို့
ကိုယ်လုပ်ဖြစ်သလောက် ကိုယ်ရ

ကိုယ်သွားမှ ကိုယ်ရောက်
ကိုယ်ကောက်သလောက် အမှန်ရ

ဓမ္မဒိဌာန်ကျကျ ကြည့်ရင်
မနာလိုခြင်စရာ မရှိ

ကိုယ့်ကိုယ်ကို ပြန်ကြည့်ရင်း
အားဖြည့်တင်း ခရီးဆက်
အနာဂတ်လှအောင် တည်ဆောက်မယ်။