မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Tuesday, 23 April 2013

ကင်ပွန်းပင်



ကင်ပွန်းပင် သို့မဟုတ် ကင်ပွန်းချဉ် ပင်မှာ ဆူးရှိ၏။ အရွက် များမှာကား ထွက်နေပြီး နေရာအနှံ့ ပေါက်ရောက်တတ်၍ လူသိများသည်။

ကင်ပွန်းရွက်မှာ ချဉ်၊ ဖန်၊ ခါးအရသာ ရှိ၍ နှလုံးနှင့် သည်းခြေကို အထူးပြု၏။ ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ကာကွယ်ပေး၏။ အကြောကို သန်မာစေ၏။ ကင်ပွန်းရွက် အနုကို ချဉ်ရည် အဖြစ်လည်းကောင်း၊ ဟင်းချိုအဖြစ် လည်းကောင်း ချက်ပြုတ်စားသောက် တတ်ကြ၏။

အထူးသဖြင့် နာတာရှည် အဖျားရောဂါ သို့မဟုတ် နာတာရှည် ရောဂါ ခံစားနေရ သူများ ခံတွင်း ပျက်နေပါက ငါးရံ့နှင့် ကင်ပွန်းချဉ်ရွက် ရောချက်ထားသည့် ဟင်းတစ်ခွက်သည် ခံတွင်းကို အထူး လိုက်စေသည်။ လေကို ပွားစေ၏။ သည်းခြေကို ရွှင်စေ၏။


သွေးဝမ်း၊ လိပ်ခေါင်း၊ ဒူလာ ရောဂါသည်များ ကင်ပွန်းချဉ်ရွက် ကြမ်းနှင့် ထန်းလျက်တို့ကို သုံးခွက် တစ်ခွက်တင် ကြိုချက်၍ သုံးစွဲပါက ရောဂါများ သက်သာ ပျောက်ကင်းစေ သည်။

၎င်းဆေးရည်ကို ရက်ရှည်မှီဝဲ သုံးဆောင်ပါက အာရုံကြော အားကောင်းစေ၍ ကိုယ်ရောင် ရောဂါ၊ လေးဖက်နာ ရောဂါတို့ ပျောက်ကင်းစေ၍ ဆီးမှန်၊ ၀မ်းမှန်စေသည်။ ၎င်းဆေး ရည်ထဲတွင် ဆားဖုတ် အနည်းငယ် ထည့်သောက်ပါက ပန်းနာရင်ကျပ်၊ ချောင်းဆိုး ရောဂါများ ပျောက်ကင်းစေသည်။

ကင်ပွန်းသီးကို တရော်နှင့် စပ်၍ ခေါင်းလျှော်ရည် အဖြစ် အသုံးပြုပါက သန်း၊ ဗောက်၊ ဒက်တို့ ကင်းဝေးစေ၍ ကျက်သရေ တိုးစေသည်။ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း ကိုလည်း ကာကွယ် ပေးသည်။

ကင်ပွန်းသီး ပြာချ၍ အုန်းဆီနှင့် ရောကာ လိမ်းဆေးအဖြစ် အသုံး ပြုပါက ၀ဲစို၊ ၀ဲခြောက်၊ နှင်းခူအစို၊ အခြောက်၊ ဘင်၊ ဂျွတ်နှင့် ဂရင်ဂျီနာ တို့လည်း ပျောက်ကင်းစေသည်။