ငါသည်…
ပျိုခြင်း မမြဲ အိုခြင်း မြဲ၏၊
သို့ဖြစ်၍သာ မအိုပါလို
တောင်းဆုဆိုလည်း၊
တောင်းတိုင်းမရ၊ အိုကြရ
အနတ္တ ခန္ဓာကိုယ်။
ငါသည်…
သာခြင်း မမြဲ နာခြင်း မြဲ၏၊
သို့ဖြစ်၍သာ မနာပါလို တောင်းဆုဆိုလည်း၊
တောင်းတိုင်းမရ နာကြရ၊
အနတ္တ ခန္ဓာကိုယ်။
ငါသည်…
နေခြင်း မမြဲ သေခြင်းမြဲ၏၊
သို့ဖြစ်၍သာ မသေပါလို၊
တောင်းဆု ဆိုလည်း၊
တောင်းတိုင်းမရ သေကြရ၊
အနတ္တ ခန္ဓာကိုယ်။
ဒါလေး ရွတ်ဆိုနေရင်း မရဏာနုဿတိဘာဝနာကို ပွားများပြီးသား ဖြစ်သွားပါတယ်၊ လွန်ခဲ့သော နှစ်ပေါင်း ( ၁၆)နှစ်ကျော်က ဓမ္မကထိကအကျော် မြစကြာဆရာတော်ကြီး ဘဒ္ဒန္တ လက္ခဏ၏ ဓမ္မကဗျာကို ပြန်လည်မျှဝေပါသည်။
