မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 27 April 2013

မှန်ကန်သော ဆုံးဖြတ်ချက်ကို ချဖို့ ဆိုရင်...



ပွင့်ပွင့်လင်းလင်းရေးရရင်တော့ ဟိုတလောက ကိစ္စတစ်ခု နဲ့ ပတ်သက်ပြီး မက်လုံးတွေပေးပြီးသူငယ်ချင်းနဲ့ ကိုယ်နဲ့ အလိမ်ခံရမလိုဖြစ်တယ်လို့ ဆိုရမှာပေါ့။ လေနဲ့ လိမ်ပြီး ယုံကြည်မှု ၊လေးစားမှု ရယူတဲ့ သဘောပါ။ ကိုယ်နဲ့ သူငယ်ချင်းကလည်း အယုံလွယ်တတ်သူမို့ ပြောသမျှ ဟုတ်မှာဘဲ ဆိုပြီး တစ်ခု၊ နှစ်ခု လောက်ယုံရတာနဲ့ လေးစားမိတယ်။( တော်သေးတာပေါ့ အလိမ်မခံလိုက်ရသေးလို့) ဆရာရင်းဖြစ်တဲ့ ဆရာတော်က အဲဒီကိစ္စမှ ဆုံးမစကားပြောပါတယ်။မှတ်သားစရာမို့ ရှယ်လိုက်ပါတယ်။
၁) သူတစ်ပါးကို အလွန်အမင်း အထင်မကြီးပါနဲ့ ။ ( အထင်သေးခိုင်းတာလည်း မဟုတ်ပါ) အလွန်အမင်း အထင်ကြီးရင် ကိုယ်က သူပြောသမျှ ဟုတ်ကဲ့ ဖြစ်သွားပါတယ်။ မှန်မှန်ကန်ကန် မစဉ်းစား၊ မဆင်ခြင်မိတော့ပါဘူး။



၂) လောဘဖြစ်နေတဲ့ချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့။
ဒေါသဖြစ်နေတဲ့ အချိန်မှာလည်း မဆုံးဖြတ်ပါနဲ့။

၃) ပုထုဇဉ်ဆိုတာ မောဟနဲ့ ဆက်ဆံနေသူမို့ လည်း လောဘ၊ဒေါသ၊မောဟ ကင်းတဲ့ အချိန်မှ ဆုံးဖြတ်ပါတဲ့။


ဆိုလိုတာက သူများ မက်လုံးပေးတုန်း ကိုယ်က လောဘဖြစ်ရင် ဆုံးဖြတ်ချက်မှားပါတယ်။
ဒေါသဖြစ်ရင် လည်း ဘာကို မှ မဆင်ခြင်နိုင်တဲ့ အတွက် မှားပါတယ်။
မောဟ ကတော့ ရေရေရာရာ ဘာကိုမှမမြင်တဲ့ အတွက် မှားနိုင်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေ ဆိုရင် ဗေဒင်တို့၊ ဆရာသမား၊ ဘိုးတော် စတာတွေရဲ့ အလွယ်တကူ လှည့်ဖျားတတ်ချင်းကို သတိထားရပါ့မယ်။

ဒါကြောင့် အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်တဲ့ အချိန်မှာ မှ စိတ်အေးအေးထားပြီး ဆုံးဖြတ်ရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ရနိုင်ပါတယ်လို့ ဆုံးမပါတယ်။

အကောင်းဆုံးကတော့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် တရားလေး အနည်းငယ်ရှုမှတ်ပြီး မှ ဆုံးဖြတ်ခြင်းက အလောဘ၊ အဒေါသ၊အမောဟ နဲ့ အနီးစပ်ဆုံးမို့ ဘယ်လို ဆုံးဖြတ်ရမယ့် ဗဟုသုတကို မျှဝေလိုက်ပါတယ်။

မှန်ကန်သော ဆုံးဖြတ်ချက်ချခြင်းဖြင့် အဆင်ပြေ အောင်မြင်ကြပါစေ။