မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

နေ့စဉ်ပွားပါ ဤငါးဖြာ

၁) ငါသည် အိုခြင်းသဘော ရှိ၏။
အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၂) ငါသည် နာခြင်းသဘော ရှိ၏။
နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၃) ငါသည် သေခြင်းသဘော ရှိ၏။
သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။

၎) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊
အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။

၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။
ကံသာလျင် အကြောင်းရင်း ရှိသည်။
ကံသာလျင် အမွေခံ ရှိသည်။
ကံသာလျင် အဆွေအမျိုး ရှိသည်။
ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။
ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကိုပြုအံ့။
ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။