မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 4 April 2013

ငါးကြင်းခေါင်းချဉ်စပ်ဟင်း

ငါးကြင်းခေါင်းချဉ်စပ်ဟင်း
ပါဝင်ပစ္စည်များ

အရွယ်တော် ငါးကြင်းခေါင်း - နှစ်ခေါင်း

ကင်ပွန်းချဉ်ရွက် - သုံးစည်း

ခရီးချဉ်သီး - နှစ်လုံး

ငရုတ်သီးစိမ်း

ငါးပိအနည်းငယ်

နံနံပင် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ထက်ခြမ်းခြမ်းထားတဲ့ ငါးခေါင်းတွေကို ပါးဟက်တွေထုတ်ပြီး ရေစင်စင်ဆေးပါ။ ပြီးရင် ဗီနီဂါနည်းနည်းထည့်နယ်ပြီး ညှီနံထွက်သွားအောင် ရေတစ်ကြိမ်ထပ်ဆေးရပါမယ်။ ပြီးရင်တော့ ဆား၊ နနွင်းနယ်ပြီး ဖယ်ထားပါ။ ကင်ပွန်းချဉ်ရွက်တွေကိုလည်း ရေစင်အောင် ဆေးပြီး ခြွေထားရပါမယ်။ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းကိုလည်း ချက်ဖို့ အသင့်ဖြစ်အောင် လှီးထားလိုက်ပါ။

ပထမဆုံးကတော့ ကြက်သွန်ဖြူနီ ဆီသတ်၊ ငါးခေါင်းအခြမ်းတွေထည့်ပြီး အိုးကိုလှုပ်ရင်း အသာအယာမွှေပေးပါ။ ကြက်သွန်ဖြူနီရဲလာပြီး မွှေးလာပြီဆိုမှ မီးဖိုပေါ်က ချပါမယ်။ ပြီးရင် ငါးခေါင်းလေးတွေကိုပဲ အသာအယာဆယ်ထားပြီး ခုနလုပ်လက်စအိုးထဲကို ဆီအနည်းငယ် ထပ်ဖြည့်ပြီး ကြက်သွန်ဖြူနီထောင်း အနည်းငယ်ထည့်ပြီး ဆီသတ်ပါမယ်။ ပြီးရင် ခရမ်းချဉ်သီးထည့်ပြီး မွှေပေးပါ။ ခရမ်းချဉ်သီး နွမ်းပြီးဆိုရင် ငါးပိကို မန်ကျည်းစေ့လောက် ထည့်ပြီးမွှေပေးပါ။

ငါးပိလည်း ခရမ်းချဉ်သီးနဲ့ ရောကြေသွားပြီး ဆိုရင်တော့ ကင်ပွန်းချဉ်ရွက်တွေထည့်ပြီး အချဉ်ထွက်လာအောင် နာနာလေးမွှေလိုက်ပါ။ ကင်ပွန်းချဉ်ရွက်တွေ ဝါသွားပြီးဆိုရင်တော့ ခုနဆီသတ်ထားတဲ့ ငါးခေါင်းတွေထည့်ပြီး အိုးကိုင်းကနေ ကိုင်ပြီး လှုပ်ပေးပါ။ သုံး၊ လေးကြိမ် လှုပ်ပေးပြီးသွားရင် ရေအနေတော်ထည့်ပေးပါ။

အရည်သောက်ဟင်းမဟုတ်တဲ့အတွက် အနေတော်ရေထည့်ပြီး ပွက်လာရင် ငရုတ်သီးလေးခပ်၊ နံနံပင်လေးအုပ်အရသာဟင်းခတ်မှုန့်နဲ့ ဆားအနေတော်ထည့်ပြီး ချလိုက်လို့ရပါပြီ။