မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်


အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။
ကမ္ဘာ့အကြီးမားဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်
UAE နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို စတင်ဖွင့်လှစ်လိုက်ပြီ ဟု သိရှိရသည်။ အရှေ့အလယ်ပိုင်း ဒေသရှိ နေရောင်ခြည် ပူပြင်းကောင်းမွန်စွာ ကျရောက်ရာ နိုင်ငံ၏ သမ္မတဖြစ်သော ရှိတ်စော်ဘွား ခါလီဖာ ဘင်ဇာယက်ဒ် အယ်လ်ညာဟန်သည် အဆိုပါ ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်မှု အခမ်းအနားကို တနင်္ဂနွေနေ့က ကိုယ်တိုင်တက်ရောက်ခဲ့သည်။ Shams 1 အမည်ရှိ စက်ရုံသည် မဂ္ဂါဝပ်(၁၀၀) ရှိ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်မည် ဖြစ်သည်။


အဘူဒါဘီ မြို့တော် အနီးရှိ သဲကန္တာရအတွင်း တည်ရှိသော ဓာတ်အားပေးစက်ရုံသည် ဆိုလာပြားများကို တစ်နေရာထဲတွင် အကြီးမားဆုံး ဖြန့်ကျက်တည်ဆောက်ထားသည့် စက်ရုံလည်း ဖြစ်သည်။ စက်ရုံ၏ အကျယ်သည် (၂.၅)စတုရန်း ကီလိုမီတာရှိသည်။ စက်ရုံအတွက် တည်ဆောက်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း(၆၀၀) အကုန်အကျခံခဲ့ပြီး နေရောင်ခြည်ကို ခံယူသည့် ကြေးမုံငယ် (၂၅၈၀၀၀)ကျော်ကို ချပ်ပြား(၇၆၈)ခုတွင် တပ်ဆင်ထားသည်။

ယင်းစက်ရုံသည် နေအိမ် (၂၀၀၀၀)ကျော်ကို လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထောက်ပံ့နိုင်မည် ဖြစ်သည်။ သမ္မတက Shams 1ကို နိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အရေးပါသော ဦးဆောင် အပြောင်းအလဲ တစ်ရပ်ဟု ချီးကျူးခဲ့သည်။ UAEသည် ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု အများဆုံး သူကြွယ်နိုင်ငံ တစ်ခုလည်း ဖြစ်သည်။ UAEအစိုးရသည် စွမ်းအင်ကဏ္ဍအတွက် ပြည်တွင်းထုတ် ရေနံနှင့် ဓာတ်ငွေ့တို့အပေါ် မှီခိုနေရမှုကို လက်ရှိ အနေအထားတွင် (၉၉)ရာခိုင်နှုန်း ရှိနေရာမှ (၂၀၃၀)ပြည့်နှစ်တွင် (၇၅)ရာခိုင်နှုန်းသို့ လျှော့ချသွားရန် ရည်ရွယ်ထားသည်။