တစ်ခါတုန်းက ခရစ်ယာန် ဘာသာဝင်မဟုတ်တဲ့ လင်မယားနှစ်ယောက်မှာ သားလေးတစ်ဦးထွန်းကားခဲ့တယ် ။ သူတို့ဟာ ဘုရားသခင် နဲ့ ပတ်သတ်ပြီး သားလေကို ဘာမှ ပြောပြ ညွှန်ကြားမှု မရှိခဲ့ဘူး ။
တစ်နေ့မှာပေါ့--- လင်မယား နှစ်ယောက်စလုံးဟာ သူတို့သားလေးရှေ့မှာပဲ အသတ်ခံလိုက်ရတယ် ။ အိမ်နီးချင်းတစ်ဦးက အဲဒီသားလေးကို မွေးစားခဲ့တယ် ။ ဒီလိုနဲ့ အဲဒီအိမ်နီးချင်းကပဲ အဲဒီကလေးလေးကို ကျောင်းအပ်ပြီး ပညာသင်စေခဲ့တယ် ။
အဲဒီအိမ်နီးချင်းက ဆရာမက
ိုပြောတယ် ။ ကောင်လေးဟာ ဘုရားသခင်နဲ့ ပတ်သတ်ပြီး ဘာမှမသိသေးဘူးဆိုတဲ့အကြောင်းကိုပေါ့ ။ ဒီလိုနဲ့----
စာသင်ချိန်တစ်ခုမှာ ဆရာမက ဘုရားသခင်ရဲ့ ပုံကို ထုတ်ပြပြီး သူ့အကြောင်းဘယ်သူသိသလဲလို့မေးတယ် ။ အဲဒီအခါ ကောင်လေးက လျှင်မြန်စွာ ထရပ်ပြီး သူသိကြောင်းလက်ညှိုးထောင်ပြတယ် ။
ဆရာမလည်း အံ့သြသွားပြီး ကောင်လေးကို အနားကိုခေါ်ခဲ့တယ် ။ အဲဒီအခါ ကောင်လေးပြောတာကတော့
“ သူဟာ ကျွန်တော့်မိဘတွေ သေဆုံးသွားတုန်းက ကျွန်တော့်ကို တင်းကြပ်စွာ ထွေးပွေ့ပေးထားခဲ့တဲ့သူပါပဲ ” ......
##############################
ကိုယ့်ကို ငယ်ငယ်ကတည်းက အနီးကပ်ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ကိုယ့်ကျေးဇူးရှင်ဟာ ကိုယ့်ရင်ထဲက ဘုရားသခင် ပါပဲ ။
.jpg)