မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

ကျိန်စာသင့်ခဲ့လေသလား”


ကျိန်စာသင့်ခဲ့လေသလား”


နွေဦးလေတွေ တသုန်သုန်တိုက်လို့

ရော်ရွက်ဝါတွေမြေမှာခလေတိုင်း

နွေဥသြနဲ့အတူ သူပြန်လာလေမလား

ငေးကာမျှော်ရင်း လွမ်းကာငိုမိတယ်......။




မုတ်သုန်လေတွေမြူးလို့

လျှပ်ပန်းလျှပ်ကာ မိုးတွေခြိမ်းလေတိုင်း

မိုးစက်လေးတွေနဲ့အတူ

သူပြန်လာလေမလားလို့

ဆွေးကာမျှော်ရင်း လွမ်းကာငိုမိတယ်......။



မြောက်ပြန်လေတွေဖြတ်ကာပြေးလို့

နှင်းစက်မှုန်တွေတဖွဲဖွဲကျလေတိုင်း

ဆောင်းခိုငှက်တွေနဲ့အတူ

သူပြန်ရောက်လာလေမလားလို့

တွေးကာမျှော်ရင်း လွမ်းကာငိုမိတယ်........။



စိမ်းကားရက်စက်ကာ အဝေးကိုပြေးထွက်သွားလေသူကိုမှ

ရာသီတွေအလီလီပြောင်းတာတောင်

မုန်းကာမမေ့ဘဲ

လွမ်းတမ်းတလို့ မျှော်နေမိတာဟာ

ဘ၀အဆက်ဆက်က

ကျိန်စာတွေများသင့်ခဲ့လေလို့လား......။