မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 3 April 2013

ခွန်အား

ခွန်အား
နောက်ပြန်မလှည့်ဘူး
ကိုယ့်ခရီးက တစ်ဝက်မက တွင်ခဲ့ပြီ။

သိတယ်။
အချည်းနှီးတော့ ဖြစ်မခံ
ပန်းတိုင်ခရီးလည်း နီးနေပြီ။

ရှိတယ်။
မုသားမကြံတော့ တစ်ပါးရန်ဆိုတာကလည်း။


ငြိတယ်။
သမင်ချို အလှဆင် လောကီချုံပုတ်နဲ့
သမုဒယနွယ်ပင်ပေါတဲ့ မောဟအရှုပ်တောကိုဝင်တော့။

မိတယ်။
သားသမင်တော့ မဟုတ် ကျားဘုရင်တစ်အုပ်ဆိုပေါ့။

ထိတယ်။
ဖိနပ်မပါခဲ့တဲ့ ခရီးမှာ
ကန္တာရ သီးတွေကလည်း ဖနောင့်မှာ ဗရဗွ။

ရှုံးတယ်။
တစ်ခါတလေလည်း
အမှားမခံတဲ့ လောကဓံဈေးကွက်ထဲ။

မုန်းတယ်။
လက်နက်ကိုချ အလံဖြူပြလည်း
တစ်ခါက ရန်သူဆိုတဲ့ သရုပ်နဲ့ 
မဟုတ်တာပဲ မြင်တတ်သူတွေ။


ကဲ
မငြီးတွားတော့ဘူးကွယ်။
အစည်းအတား ဘေးဖယ်
ပန်းတိုင်အမြန်ရောက် ခရီးပေါက်
အမှောင် သိပ်သည်းလည်း ခရီးဆက်ရဲ ဖို့ 
စကြာဝဠာထဲက လတစင်း ကိုယ့်အတွက်သီးသန့်လင်းဖို့ လိုမယ်။
လမင်းရယ် .....................
ညှာတာတွေးလို့  လာသာပေးလှည့်ပါ။