သမ္ဗုဒ္ဓေ ဂါထာတော်
သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒွါဒသဉ္စ သဟဿကေ
ပဉ္စဿတ သဟဿာနိ
နမာမိ သိရသာ မဟံ။
အပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။ ။
သမ္ဗုဒ္ဓေ ဂါထာတော်
(မြန်မာပြန်)
အဋ္ဌဝီသံ - နှစ်ကျိပ်ရှစ်ဆူကုန်သော၊
ဒွါဒသဉ္စ သဟဿကေ - တသောင်းနှစ်ထောင်ကုန်သော၊
ပဉ္စသတ္ထ သဟဿာနိ - ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေစ - မြတ်စွာဘုရားသခင်တို့အားလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊
သိရသာ - ဦးခေါင်းဖြင့်၊
နမာမိ - ရှိခိုးကန်တော့ပါ၏။
ဝါဠုကာ ဂင်္ဂါ - ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည်၊
အပကာ - နည်းလှသေးသည်။
နိဗ္ဗုတာ - နိဗ္ဗာန်ဝင်စံပြီးကုန်သော၊
ဇိနာ - မြတ်စွာဘုရားသခင်တို့သည်ကားမူ၊
အနန္တာ - မရေတွက်နိုင် များလှကုန်၏။
တေသံ - ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားသခင်တို့နှင့် ဂင်္ဂါဝါဠုသဲစုမကပွင့်တော်မူပြီးကုန်သော မြတ်စွာဘုရားသခင်တို့၏၊
ဓမ္မဉ္စ - တရားတော်တို့ကိုလည်းကောင်း၊
သံဃဉ္စ - သံဃာတော်တို့ကိုလည်းကောင်း၊
အဟံ - အကျွန်ုပ်သည်၊
အာဒရေန - ရိုသေစွာဖြင့်၊
နမာမိ - ရှိခိုးကန်တော့ပါ၏။
နမက္ကာရာ နုဘာဝေန - ဤသို့ရှိခိုးပူဇော်ရသောကုသိုလ်ကံစေတနာကြောင့်
သဗ္ဗေ - အလုံးစုံသော
ဥပဒ္ဒဝေ - ဘေးရန်ဟူသမျှတို့ကို၊
ဟိတွာ - ပယ်ဖျောက်၍၊
အနေက အန္တရာယာပိ- များစွာသော အန္တရာယ်တို့ကိုလည်း၊
အသေသတော - အကြွင်းကျန်မရှိသောအားဖြင့်၊
ဝိနဿန္တု- ပျောက်ပျက်ပါစေသတည်း။။
သမ္ဗုဒ္ဓေ ဂါထာတော်
(မြန်မာ)
ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော၊ မြတ်စွာ ဘုရားသခင် တို့အား၊ အကျွန်ုပ်သည် ဦးခေါင်းဖြင့် ရှိခိုးကန်တော့ပါ၏။
ဂင်္ဂါမြစ်ရှိ သဲပွင့်လေးတို့သည် နည်းလှသေးသည်။ ပရိနိဗ္ဗာန်ဝင် စံပြီး ကုန်သော မြတ်စွာဘုရားသခင်တို့သည်ကားမူ မရေတွက်နိုင် များလှကုန်၏။ ထိုငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရား သခင်တို့နှင့် ဂင်္ဂါဝါဠု သဲစုမကပွင့်တော်မူပြီးကုန်သော ထိုမြတ်စွာဘုရား သခင်တို့၏၊ တရားတော်တို့ကို လည်းကောင်း၊ သံဃာတော်တို့ကို လည်းကောင်း၊ အကျွန်ုပ်သည် ရိုသေစွာဖြင့် ရှိခိုးကန်တော့ပါ၏။
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံ စေတနာကြောင့် အလုံးစုံသော ဘေးရန် ဟူသမျှတို့ကို ပယ်ဖျောက်၍၊ များစွာသော အန္တရာယ်တို့ကိုလည်း အကြွင်း ကျန်မရှိသောအားဖြင့် ပျောက်ပျက် ပါစေသတည်း။။ —
