မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 18 April 2013

ငါ - စွဲ အတ္တများ လျော့ပါးချိန်

ကောင်းကင်မြေလျိုး တန်ခိုးဈာန်ပျံ
အို နာချိန်ရောက် မထောက်မခံ၊
သေချိန်ကြတော့ သေရမည်မှန်
ဘုန်းတန်ခိုး ပုန်းလျိုးနေကြပြန်။

၂။ ခေတ်မှီဆေးဝါး များပြားထွေထွေ၊
ခွဲခန်းစိတ်ခန်း ထူးဆန်းပါပေ၊
ရောင်ခြည်ဓာတ်များ ကုစားနိုင်ပေ
ဓနငွေကြေး ပုံပေးပါစေ
ကံအဖြတ် ကြံတတ်နိုင်ဘူးလေ။


၃။ အားကစားနှင့် ကာယထွေထွေ
ကိုယ်ခံစွမ်းအား မြင့်မားနိုင်ပေ၊
ကျမ္မာရွှင်လန်း သက်တမ်းရှည်စေ
မာဂုဏ်မောက်လို့ ပြည့်ဖြိုးသန်ပေ၊
သေချိန်ကြ သေရမှာပဲလေ။

၎။ ဗိုလ်ချုပ် ဗိုလ်မှုး ရာထူးဂုဏ်ရှိန်
သွားလမ်း လာလမ်း မင်းခန်းထွေထွေ
တိုင်းသူပြည်သား ခတွားရိုသေ၊
လိုလျင် တ-က  ရကြပါပေ
ကံကုန်ချိန်ကြ ကြုံရပြန်ပေ
သူတို့လဲ သေမြဲအတူတူပေ။

၅။ စိုပြေကာယ လှပသူတွေ
တင့်တယ်ဖြူဖွေး နုထွေးကိုယ်ရည်
မြင်သူကာမ ဆန္ဒထွေထွေ
လိုချင်သူများ စိတ်ထောင်းကိုယ်ကြေ
အချိန်ကာလ ကုစားနိုင်ပလေ။
 နေ့ရက်လပြောင်း ခညောင်းတာရှည်
အိုမင်း ယိုယွင်း ချို့ယွင်းမှုတွေ၊
တနေ့ကျ တွေ့ရမှာပါလေ
သူတို့လည်း သေကြတာပဲလေ၊

၆။ လောကရောက်ငြား များပြားလူတွေ၊
သူငါ မမြဲ ငါလဲတစ်ထွေ
ဘယ်ပုံဘယ်နည်း ပျက်စီးဖို့လေ၊
ရန်သူသေမင်း စစ်ခင်းနိုင်စေ၊
မသေရာလမ်း စူးစမ်းရှာဖွေ
သည်တစ်ခေါက် လွတ်မြောက်နိုင်ကြစေ

၇။ မြတ်စွာဗုဒ္ဓ နှုတ်ဟခြွေပြန်
သေရာလွတ်ကင်း မယွင်းအမှန်
ရုပ်နာမ်တရား ရှုငြားဧကန်
ဖြစ်ဆဲ ပျက်ဆဲ သဘောအမှန်
အဖန်ဖန်ရှု သိမှုရင့်သန်၊
ရုပ်နာမ်စဲ အမြဲပြည်နိဗ္ဗာန်။   ။

စာကြွင်း။  ။ ငွေကြေးသုံးစွဲနိုင်သော တပည့်တစ်ယောက် ခွဲစိတ်ကုသရမည့် သတင်းကို ကြားကာ သတိ သံဝေဂဖြင့် ရေးဖွဲ့ပါသည်။
ရေးစပ်သူ - သာသနာပြု ယောဂီပုဂ္ဂိုလ်တစ်ဦး
မူရင်းလင့်http://www.dhammayaungchi.com/search/label/%E1%80%80%E1%80%97%E1%80%BA%E1%80%AC?updated-max=2012-04-16T00%3A00%3A00%2B08%3A00&max-results=5