တစ်ခါတုန်းက သိန်းငှက်တစ်ကောင်က သစ်ပင်တစ်ပင်ပေါ်မှာ ဘာမှမလုပ်ပဲ ထိုင်နေတယ် ။ အဲဒါကို ယုန်တစ်ကောင်ကတွေ့ပြီး သိန်းငှက်ကိုမေးတယ် ။
“ ကျုပ်ရော ခင်ဗျားလို ဘာမှမလုပ်ပဲ သစ်ပင်အောက်မှာ ထိုင်လို့ရမလား ” သိန်းငှက်ကပြန်ဖြေတယ် “ ရတာပေါ့ ဘာလို့မရရမှာလဲ ”
အဲဒီလိုနဲ့ ယုန်က စိတ်အေးလက်အေး သိန်းငှက်ရဲ့အောက်က မြေကြီးပေါ်မှာ ဘာကိုမှ ဂရုမပြုပဲထိုင်နေလိုက်တယ် ။
ရုတ်တရက်ပဲ မြေခွေးတစ်ကောင်က ထွက်လာပြီးယုန်ကို ခုန်အုပ်လို့ စားပစ်လိုက်တယ် ။
----------------------------------
ပုံပြင်လေးက တိုတိုလေးပါပဲ ။ ဒါပေမယ့် သူတပါး ကို ကိုယ့်အမြင်တစ်ခုတည်းနဲ့အတုယူတိုင်းမကောင်းဘူးဆိုတာ ယုန်ကလေးရဲ့အဖြစ်က သက်သေပြနေခဲ့တယ် ။
သိန်းငှက်ဟာ သစ်ပင်ပေါ် ငြိမ်ငြိမ်လေးထိုင်နေပေမယ့် မျက်လုံးတွေက သူ့ရန်သူရှိမရှိ အကဲခေတ်နေပြီး သူ့အလုပ်သူလုပ်နေခဲ့တာဖြစ်တယ် ။ ယုန်ကတော့ သတိမမူ ဂူမမြင်ဆိုတဲ့အတိုင်း အသက်ပါ သေဆုံးခဲ့ရတယ် ။
“ ဘာမှမလုပ်ပဲ ထိုင်နေခြင်းဟာ သင်ဟာ အရမ်းအရမ်းကို မြင့်တဲ့ နေရာတစ်ခုမှာ ထိုင်နေရခြင်းနဲ့တူတယ် ”
“ အချိန်မရွေး ပြုတ်ကျနိုင်သလို အချိန်မရွေးလည်း သေသွားနိုင်တယ် ”