မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင်.

လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။

ပြောတိုင်းမရ ဒေါမထနှင့်၊
ပြောဆိုတိုင်းသာ ရနေပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။


ကြံတိုင်းမမြောက် စိတ်မဖောက်နှင့်၊
ကြံစည်တိုင်းသာ ပြီးမြောက်ပါက၊
ဘယ်မှာ အနတ္တ ရှိမည်နည်း။

ဆင်းရဲကြုံမူ မညည်းညူနှင့်၊
ချမ်းသာချည်းသာ ကြုံနေပါက၊
ဘယ်မှာ ဒုက္ခ ရှိမည်နည်း။

ပျက်စီးတိုင်းသာ မပူပင်နှင့်၊
မပျက်စီးကာ ခိုင်မြဲပါက၊
ဘယ်မှာ အနိစ္စ ရှိမည်နည်း။

အာရုံဟူသမျှ မတောင်းတနှင့်၊
အာရုံတိုင်းသာ တောင်းတပါက၊
ဘယ်မှာ လောဘ ဆုံးမည်နည်း။

အရာရာမျိုး စိတ်မဆိုးနှင့်၊
နေရာတိုင်းသာ စိတ်ဆိုးပါက၊
ဘယ်မှာ ဒေါသ ဆုံးမည်နည်း။

သိဥာဏ်မလိုက် သင်မမိုက်နှင့်၊
သိဥာဏ်မလိုက် မိုက်နေပါက၊
ဘယ်မှာ မောဟ ဆုံးမည်နည်း။

ဗုဒ္ဓတရား မေ့မထားနှင့်၊
ဆုံးမတိုင်းသာ ကျင့်ကြံပါက၊
ဘယ်မှာ နိဗ္ဗာန် ဝေးမည်နည်း။

မလှိုင်မြို့နယ်၊ ရွှေပေါ်ကျွန်းစေတော်ဝင်ကျောင်း
ကျေးဇူးတော်ရှင် ဇေယျသိဒ္ဓိ ဓမ္မဥာဏိက
ဆရာတော်ဘုရားကြီး၏ ဆုံးမစာ