မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Saturday, 6 April 2013

အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ

အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ
++++++++++++++++++++
အနာရွတ် မဖြစ်အောင် ကာကွယ်နည်များအနာရွတ် တွေက ကြည့်ရ ဆိုးပါတယ်။ အထူးသဖြင့် ဘောင်းဘီ တိုတို ဝတ်တဲ့ ဆယ်ကျော်သက် လေးတွေ သတိထား ပါ။ အနာရွတ် အသေးဆုံး ဖြစ်အောင် သို့မဟုတ် အနာရွတ် ပျောက်အောင် အောက်ပါအတိုင်း လိုက်နာပါ-

၁။ အနာကို သန့်ရှင်းပါစေ
===========
ကုတ်ခြစ်ဒဏ်ရာ အနာဖြစ်ဖြစ် ချင်းရေ အေးအေးကို သုံးပြီး အနာ တစ်ဝိုက် ဆေးကြော သန့်စင်ပါ။


၂။ ပတ်တီး ပါးပါးလေး စီးပေးပါ။
============
အနာကို လေဝင်လေထွက် ကောင်းစေရန်နှင့် အစိုဓာတ် ရှိအောင် ပတ်တီး ပါးပါးပါးသာ အုပ်ပေးပါ။ ကသိ ကအောက် ဖြစ်စေ တတ်တဲ့၊ ဒုက္ခပေး မယ့် အရာများ မထည့်ရ။ မကပ်ရ။

၃။ အနာဖေးကို မခွာပစ်ပါနှင့်။
============
အနာကျက် ခါနီးလျှင် အနာဖေး တက်လာ ပါလိမ့်မယ်။ ၄င်းကို လက်ယားပြီး မခွာချ လိုက်ပါနှင့်။ အနာဖေး ဆိုတာ အနာကျက်ရန် ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု တစ်ခု သာဖြစ်တယ်။ အကယ်၍ အနာ မကျက်မီ သွားခွာချ လိုက်ပါက သွေး စိမ့်တဲ့ နေရာမှ ပိုးဝင်ရောက် နိုင်ပါတယ်။ အနာရွတ်လည်း ပိုကြီးထွား စေနိုင်ပါ တယ်။