မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

ရင်.ကျက်တဲ.ပုဂ္ဂိုလ်

စိတ်ရဲ.သဘာဝကို ကြည်.ကြည်.ပြီးတော.
သိလာတယ်ဆိုရင်ကိုပဲ အင်မတန် အသိဥာဏ်နက်နဲတဲ.သူ ဖြစ်လာပြီ။ ဘ၀လမ်းကြောင်းဟာ နည်းနည်းပြောင်းသွားပြီ။ အရာရာကို ပိုပြီးတော. လေးလေးနက်နက် စဉ်းစားပြီးတော. လုပ်တော.မှာ။ လောဘ ဒေါသအကြောင်းကို သိတယ်ဆိုရင်ပဲ ဥာဏ်ပညာအင်မတန်ရှိတဲ. ပုဂ္ဂိုလ်၊ ဥာဏ်ပညာ ရင်.ကျက်တဲ.ပုဂ္ဂိုလ်ဖြစ်သွားပြီ။ သာမန်လူတွေမှာ ဘာဖြစ်လို. မရင်.ကျက်သလဲဆိုတော. လောဘ ဒေါသတို.ရဲ. လွှမ်းမိုးမှုကို ခံနေရလို.ပဲ။ ဒီကိလေသာတွေကို နည်းနည်းသိတယ်ဆိုရင်ပဲ သူတို.ရဲ. လွှမ်းမိုးမှုကနေ သက်သာရာရပြီ။ သူတို.လုံးဝ အပြီးတိုင် ချုပ်ငြိမ်းမသွားသေးတောင်မှ သူတို.ရဲ. လွှမ်းမိုးမှုက အများကြီးနည်းသွားပြီ။

ဆရာတော်ဦးဇောတိက (ဝေဒနာနုပဿနာ တရားတော်မှ)
photo credit to -U Than Myint