မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

ဒါန, သီလ, ဘာဝနာ

လှူကြ, တန်းကြ၊ ပေးစွန့်ကြ၊ ဒါနကုသိုလ်ပေ။
ဆိုသည်နှင့်အညီ ဆင်းရဲသားဘ၀မှ ထုတ်ဆောင်ကယ်တင်၍ လူချမ်းသာဘ၀သို့ ရောက်စေတတ်သည့် လှူဒါန်းပေးကမ်း စွန့်ကြဲခြင်းဟူသော ဒါနကုသိုလ်ကို ပြုလုပ်အားထုတ်သင့်ကြပါသည်။

စောင့်ကြ, ထိန်းကြ၊ စောင့်စည်းကြ၊ သီလ ကုသိုလ်ပေ။
ဆိုသည်နှင့်အညီ အပါယ်လေးပါးမှ ထုတ်ဆောင်ကယ်တင်၍ လူ့ပြည် နတ်ပြည် သုဂတိဘ၀သို့ ရောက်စေတတ်သည့် စောင့်ထိန်းစောင့်စည်းခြင်း ဟူသော သီလကုသိုလ်ကို ပြုလုပ်အားထုတ်သင့်ကြပါသည်။


ရှုကြ, မှတ်ကြ၊ ပွားများကြ၊ ဘာဝနာ ကုသိုလ်ပေ။
ဆိုသည်နှင့်အညီ သံသရာဝဋ်ဒုက္ခမှ ထုတ်ဆောင်ကယ်တင်၍ နိဗ္ဗာန်သို့ ရောက်စေတတ်သည့် ရှုမှတ်ပွားများ အားထုတ်ခြင်းဟူသော ဘာဝနာကုသိုလ်ကို ပြုလုပ်အားထုတ်သင့်ကြပါသည်။

ချမ်းသာကြီးဆရာတော် ဦးဇောတိက