မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 6 May 2013

တစ်ကိုယ်လုံး လန်းဆန်းလှပ သွားစေရန်

ချိုမြိန်တဲ့ ရနံ့လေးတွေ နဲ့အတူခန္ဓာ ကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ သင်စားနေကျ အစား အစာတွေ ထဲကနေ ဖန်တီးနိုင်တယ်ဆို တာသင်သိ ပါရဲ့လား။ စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်း သွားစေဖို့နဲ့ သင့်အရေ ပြားကိုပါ ကျန်းမာလှ ပစေဖို့ အထောက် အကူပြု နည်းလမ်းလေးတွေ ရှိပါတယ်။ မွေးပျံ့ တဲ့ ရနံ့လေးနဲ့အတူ တစ်နေ့တာ လုံးလန်းဆန်း လှပနေစေဖို့ လေ့လာ ကြည့်ရအောင်နော်။  လီမွန် ကိတ်ရနံ့ဖြင့် Body Scrub အရေပြားပေါ်မှာ ကြေးချွတ် ပွတ် တိုက်ချိန်မျိုးမှာ လီမွန်ရနံ့နဲ့ ကိတ်မုန့်တစ်လုံးကို စားရသလို ခံစားနေရစေပြီး သင့်အရေပြားကို အမှန် တကယ် သန့်စင်စေကာ ပျော့ပျောင်း ချောမွေ့စေ ပါတယ်။ ပြုလုပ်အ သုံးပြုနည်း အညိုရောင် သကြား တစ်ခွက်၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီ ခွက်တစ် ခွက်ရဲ့ တစ်ဝက်၊ သံပရာရည် ဒါမှမဟုတ် သံပုရာ အမှုန့်လက်ဖက် ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကို ရောမွှေလိုက်ပါ။
အေးပြီး ခြောက်သွေ့တဲ့နေရာမှာသိမ်းထားပြီး သင့်အရေပြားပေါ်မှာ ပွတ်တိုက်ကြေး
ချွတ်သန့်စင်တဲ့ပစ္စည်းတစ်ခုအဖြစ် အသုံးပြုေ ပးနိုင်ပါတယ်။ စတော်ဘယ်ရီ ကိတ်ရနံ့ဖြင့် ရေချိုးဆား ချိုမြိန်တဲ့ ရနံ့ကြောင့် သင့်ကြွက်သား တွေကိုပါ သက်သောင့်သက်သာဖြစ်စေ ပါတယ်။အရောင်လှလှလေးတွေ ပေါင်း စပ်ဖန်တီးထားပြီး သင့်ရေချိုးခန်းလေး ထဲမှာ လှပနေပါစေ။
ပြုလုပ်အသုံးပြုနည်း ဆားခွက်နှစ်ခွက် (ဆားနုနုလေး တွေကိုသုံးပါ)၊ စတော်ဘယ်ရီအမှုန့် ထမင်းစားနှစ်ဇွန်း၊ သစ်ခွရနံ့အမှုန့် ထမင်း စားနှစ်ဇွန်းကိုရောမွှေပါ။ မွှေထားတဲ့ဆား တွေကို ခွက်တစ်ခွက်စီပြန်ခွဲပြီး အစားအ စာတွေထဲထည့်တဲ့ အနီရောင်မှုန့်နဲ့ အဝါ ရောင်မှုန့်ကို ခွက်တစ်ခွက်စီမှာ တစ်ဇွန်း စီ ထည့်ပြီး မွှေလိုက်ပါ။
ဖန်ပုလင်းလေးထဲ ကို တစ်ရောင်ချင်း၊ တစ်လွှာစီထည့်ပါ။ လှပတဲ့ ရေချိုးဆားလေးနဲ့ရေချိုးလိုက်ချိန် မွှေးပျံ့တဲ့ရနံ့လေးကြောင့် စိတ်ကိုကြည် လင်ကာ အရေပြားပေါ်က ဆဲလ်သေတွေ ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ထောပတ်ရနံ့ဖြင့် Body Oil အရေပြားခြောက်သွေ့ပြီး အရောင် မွဲနေပါသလား။ အရေပြားကို စိုပြည်ပြီး ခြောက်သွေ့မှုကင်းကာ ကြည်လင်သွား စေမယ့် နည်းလမ်းရှိပါတယ်။
ပြုလုပ်အသုံးပြုနည်း သံလွင်ဆီခွက်တစ်ခွက်၊ ပျားရည် လက်ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည်တစ်ဇွန်း စတာတွေကိုရော မွှေလိုက်ပြီး မိုက်ခရိုဝေ့ထဲမှာ ကျိုလိုက် ပါ။ ဆူလာချိန်မှာ မွှေးပျံ့တဲ့ရနံ့ထွက် လာပါလိမ့်မယ်။ အအေးခံထားပြီး ပုလင်း လွတ်လှလှလေးထဲမှာ သိမ်းထားလိုက် ကာ ရေချိုးပြီးလို့ ရေသုတ်ပြီးချိန်ခန္ဓာ ကိုယ်တစ်ခုလုံကို လိမ်းပေးနိုင်ပါတယ်။
ငှက်ပျောသီးရနံ့ဖြင့် Body Cream အသားအရေကို နူးညံ့ချောမွေ့စေပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ ပြုလုပ်အသုံးပြုနည်း အုန်းဆီတစ်ခွက်၊ ဗီတာမင်အီး လက်ဖက်ရည်တစ်ဇွန်း၊ ပြောင်းမှုန့်လက် ဖက်ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည်လက် ဖက်ရည်တစ်ဇွန်း စတာတွေကို ရောမွှေ လိုက်ပါ။
မွှေချိန်မှာ အမြှုပ်တွေထတဲ့အ ထိ ခပ်ပျင်းပျင်းလေးမွှေလိုက်ပြီး ဖန်ပု လင်းအကြည်တစ်လုံးထဲထည့်ကာ အေး ပြီးခြောက်သွေ့တဲ့နေရာမှာ သိမ်းပါ။ ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ နှိပ်နယ် ပြီး လိမ်းပေးနိုင်ပါတယ်။