လက်ရှိခန္ဓာ ၊ မတွယ်တာနှင့် ၊ နောင်လာဘ၀ ၊ မတောင့်တဘဲ ၊ ကြောင့်ကြစွဲဖြင့် ၊
အမြဲမပြတ် ၊ ၀ိပဿနာ ၊ လေ့လာကြိမ်ဖန် ၊အာစိဏ္ဏကံ ၊ ဖြစ်ကြောင်းမှန်မူ ၊
ထိုသည့်သူကား ၊ အယူမလွဲ ၊ကတိမြဲ၏ ။
မီးလောင်စွဲမှ ၊ ရေကိုတ သော် ၊ မရဖြစ်အင် ၊ ပုံနှိုင်းယှဉ်၍ ၊ မဂ္ဂင်သန္ဓေ ၊
တည်မြဲနေအောင် ၊ မသေခင်က ၊ ပြင်ဆင်တောက်လျှောက် ၊ မေ့မပျောက်နှင့် ၊
ချွေးပေါက်ယိုစီး ၊ သေခါနီးဝယ် ၊ အပြီးမုချ ၊ မဂ္ဂင်ရလိမ့် ၊ ကိစ္စမလျော် ၊ အကြောင်းပေါ်၍ ၊
မတော်တဆ ၊ မဂ်မရဦး ၊ ဘ၀အမွန် ၊ တမလွန်တွင် ၊ ထူးချွန်အံ့လောက် ၊
နတ်ပြည်ရောက်၍ ၊ မဖောက်မပြန် ၊ သောတာပန်စစ် ၊ ဧကန်ဖြစ်မည် ၊ မလစ်ဝိပဿနာ အကျိုးပေတည်း ။
ဆောင်ပုဒ်လေးကို သေချာဖတ်ပြီး လေးလေးနက်နက် တွေးတောဆင်ခြင်နိုင်ကြပါစေဗျာ……..