F4 ဇာတ်ကား ပေါက်ချက် ပြင်းခဲ့သလို အဓိက ဇာတ်ကောင် ဂူဂျွန်ဖြိုးဟာလည်း အာရှ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ စူပါစတားတစ်ဦး ဖြစ်လာခဲ့ရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဟောလိဝုဒ် နယ်မြေအထဲ ခြေလှမ်းကျဲလာသူ လီမင်ဟိုရဲ့ ပုံတူဖယောင်းရုပ်ထုကို ရှန်ဟိုင်းက မဒမ်တူဆော့ ပြတိုက်မှာ ထွင်းထု ထားရှိခဲ့ပြီဆိုတဲ့ သတင်းဟာ F4 ပရိသတ်တွေ City Hunter ပရိသတ်တွေ အတွက်တော့ ဘဝင်ခွေ့ စရာဖြစ်ရတာ အမှန်ပါပဲ။ ဆိုးလ်အလှပန်း တစ်ပွင့်လို့ တင်စားကြရတဲ့ မင်းသမီးချော ပါ့ခ်မင်ရောင်နဲ့ အတိအလင်း တွဲနေသူ လီမင်ဟိုဟာ ၂၀၁၃ ခုနှစ် City Hunter ကုမ္ပဏီရဲ့ မော်ဒယ်လ် တစ်ဦးဖြစ်သလို၊ ပြီးခဲ့တဲ့ ဧပြီလဆန်းက လော့အင်ဂျလိစ်မှာ Fan Meeting ကျင်းပခဲ့တယ် ဆိုတာကိုလည်း ဒေးလီးစတားက သတင်းစုံ ပေးလာပါတယ်။ Faith ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ဆဲ ဂူဂျွန် ဖြိုးရဲ့ မင်္ဂလာသတင်းကို နားစွင့်ရင်း ဇာတ်ကားသစ်တွေကို စောင့် မျှော်အားပေး ကြပါစို့လား။
