အိမ်တိုင်း အိမ်တိုင်းရဲ့ အညစ်ပတ်ဆုံး အခန်းက အသားစိမ်း၊ ငါးစိမ်းတွေကို
ချက်ပြုတ်ကိုင်တွယ် တဲ့နေရာ မီးဖိုချောင်ပါပဲ။ အသားစိမ်းတွေမှာ
အီးကိုလိုင်း၊ ဆယ်လ် မွန်နယ်လားနဲ့ အခြားဗိုင်းစ် ရပ်ပိုး၊
ဗက်တီးရီးယားပိုးတွေ ရှိနေပါတယ်။ လူအများ စုဟာ ထမင်းစားပြီးတဲ့အခါ
မီးဖိုချောင်ထဲက ထမင်း စားပွဲ စတဲ့နေရာတွေကို လက်သုတ်ပဝါ သို့မဟုတ်
ရေမြုပ်ဖော့ကို အသုံးပြုပြီး သန့်ရှင်းရေး ပြုလုပ် တတ်ကြပါတယ်။ အသားစိမ်း၊
ငါးစိမ်းကထွက်တဲ့ အရည်တွေ ပေကျံသွားတာရှိရင်၊ အခြား ညစ်ပတ်နေ တဲ့
မီးဖိုချောင်က နေရာတွေကို သန့်ရှင်းရေး လုပ်တဲ့ အခါမှာလည်း လက်သုတ်ပဝါ
သို့မဟုတ် ရေမြုပ်ဖော့ မှာ အီးကိုလိုင်နဲ့ မစင်ဗက်တီးရီးယား၊ အခြား အဏုဇီဝ
ပိုးများ ကပ်ငြိနေပါတယ်။ သင့်အနေနဲ့ မီးဖိုချောင် နေရာကို လက်သုတ်ပဝါ
သို့မဟုတ် ရေမြုပ်နဲ့ သန့်ရှင်းရေး ပြုလုပ်နေပေမယ့် အမှန်တကယ်တော့
ရောဂါပိုးမွှားကို ပိုပြီး ပျံနှံ့အောင် လုပ်နေသလိုပါပဲ။ သန်းပေါင်း
များစွာသော ဗက်တီးရီးယား ပိုးမွှားတွေ ကပ်ငြိနေတဲ့ လက်သုတ်ပဝါနဲ့
ရောဂါပိုးမွှားတွေ မရှိသေးတဲ့ ရေခဲသေတ္တာနဲ့ အခြားပစ္စည်းတွေကို
သုတ်လိုက်မိတော့ ရောဂါပိုးတွေ ပျံ့နှံ့ကုန်တော့ တာပေါ့။ ဒီပြဿနာအတွက်
မီးဖိုချောင် မျက်နှာပြင် တွေကို သန့်ရှင်းရေး မပြုလုပ်ခင်မှာ လက်သုတ်ပဝါ
သို့မဟုတ် ရေမြုပ်ကို အစွန်းချွတ်ဆေး (Bleach) နှင့် ရေ ရောစပ်ထားသည့်
အရည်ထဲ နှစ်ပါ။ သန့်ရှင်းရေး ပြုလုပ်ပြီးတာနဲ့ လက်သုတ်ပဝါ သို့မဟုတ်
ရေမြုပ်ကို အခြောက်ခံပါ။ တစ်ပတ်လျှင် နှစ်မိနစ်ခန့် ရေမြုပ်ကို
မိုက်ခရိုဝေ့နဲ့ အပူပေး နိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ပန်းကန်တစ်လုံးထဲ
ရေအနည်းငယ်ထည့်ပြီး ရေမြှုပ်ကိုထည့်ကာ မိုက်ခရိုဝေ့ ထဲမှာ ဆူပွက်လာအောင်
အပူပေးပါက ရေမြုပ်အတွင်းမှာ ရှိတဲ့ ဗက်တီးရီးယားပိုးတွေကို သေစေပါတယ်။
လက်သုတ် ပဝါဆိုရင်တော့ ရိုးရိုးမီးဖိုပေါ်မှာပဲ ဒယ်အိုးထဲ ရေထည့်ကာ
ပြုတ်ပေးပါ။
