''ဈေးကွက်ထဲမှာရှိတဲ့ ဗေဒင် Application တွေလို မဟုတ်ပါဘူး။ ဆရာစံ-ဇာဏီဘို ကိုယ်တိုင် ရေးသား တွက်ချက်မှုများ အတိုင်း စီစဉ်ပေးထားတာပါ။ ဆရာ ကိုယ်တိုင်လည်း တရားဝင် ခွင့်ပြု ပေးထားပါတယ်''ဟု Technomation မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗေဒင် တွက်ချက်မည် ဆိုပါက တွက်ချက်သူ၏ အမည်၊ လက်ရှိ ရောက်နေသည့် အသက်နှင့် မွေးနေ့များကို ထည့်သွင်း ပေးရုံဖြင့် အလိုအလျောက် တွက်ချက်ပေးသွား မည်ဖြစ်ပြီး ယတြာများကိုပါ ထည့်သွင်းပေး ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။
''၁၂ ရာသီ ဗေဒင်၊ အချစ် ဗေဒင်နဲ့ ကံ အကျိုးပေးဆိုပြီး အဓိက ကဏ္ဍ သုံးပိုင်းမှာ ၁၂ ရာသီ ဗေဒင်ကို အနောက်တိုင်း ရာသီခွင် တစ်ခုချင်းအလိုက် တစ်ပတ်စာ အသေးစိတ် ဟောကိန်းများ ပါဝင်မှာပါ။ ရာသီခွင် တစ်ခုချင်း မှာလည်း လူမှုရေး၊ ပညာရေး၊ အချစ်ရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍခွဲပေါင်း ကိုးခုထည့်သွင်း ပေးထားပါတယ်''ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် စံ-ဇာဏီဘိုဗေဒင် Application များကို လူကြီးမင်း၊ Mr.fone, Ovi suite, Mobile king, AMT, Win Mobile World ဆိုင်များတွင် တရားဝင် ရောင်းချပေးလျက်ရှိပြီး ထည့်သွင်းမည် ဆိုပါက ကျပ် ၂၅ဝဝ ကျသင့်မည် ဖြစ်ကြောင်း Android အပြင် iPhone, iPad, iOS ဖုန်းများကိုလည်း Apple Store မှ ရောင်းချပေးသွားရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။
