လူငယ်တွေ အတွက် မရိုးနိုင်တဲ့ ပြဿနာ ကတော့ ဝက်ခြံပါပဲ။ အထူး သဖြင့်
အမျိုးသမီး တွေမှာ သွေးမဆုံး ခင်အထိ ဝက်ခြံက ဒုက္ခပေး ပါတယ်။ အမျိုးသားတွေ
အသက် ၄၀ ကျော် ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး
တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိမြဲပါ။ ဝက်ခြံဟာ
မျက်နှာပြင်ပေါ် အဆီပြန် တဲ့အခါ မွေးညင်း ပေါက်တွေမှာ ဖုန် အညစ်အကြေးတွေ
ပိတ်ဆို့နေလို့ ထွက် ရတယ်လို့ အတိအကျ မပြောနိုင်ပါ။ အလွန် အမင်း ဆေးကြော
သန့်စင်၊ အကြိမ်ကြိမ် ရေဆေး သန့်ရှင်းကြ လို့ပါပဲ။ ဒီလို လုပ်ခြင်းဖြင့်
ဝက်ခြံတွေ ပိုဆိုး သွားစေ ပါတယ်။ ရေနဲ့ ခဏ ခဏ ဆေးတော့ အရေပြား အစိုဓာတ်
ခန်းပြီး ဝက်ခြံတွေ ပိုထွက် စေပြန် တယ်။ ဒါကြောင့် တစ်နေ့ ၂ ကြိမ် လောက်ပဲ
ဆပ်ပြာ အပျော့စားနဲ့ ဆေးပါ။
