အသက် ၄၀ တောင် မပြည့်သေးဘူး ဆံပင်တွေရဲ့ တစ်ဝက်လောက်က ဖြူနေပြီ။
အရွယ်မတိုင်ခင် ဆံပင်တွေ ဖြူစဖြစ်လာပါပြီ။ ရှားရှားပါးပါးပဲ
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာခြင်းဟာ သိုင်းရွိုက် သို့မဟုတ် အရောင်ခြယ်
ပစ္စည်းဆိုင်ရာ ကျန်းမာရေး ပြဿနာရဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ပါတယ်။ သို့သော်
များသော အားဖြင့်တော့ စောစီးစွာ ဆံပင်ဖြူသွားတဲ့ မိဘရဲ့မျိုးရိုး
ဗီဇကြောင့်သာ ဖြစ်တတ်ပါတယ်။ ဆံပင်အရောင် ပြန်ဆိုးခြင်းကတော့ လွယ်ကူတဲ့
ဖြေရှင်းတဲ့နည်းလမ်းပါ။ ဒါပေမယ့် သင်ဟာ သင့်ရဲ့ ငွေရောင်တောက်ပနေတဲ့
သွင်ပြင် လက္ခဏာကို ထိန်းသိမ်းထား ချင်ရင်တော့ ဆံပင်ဖြူများအတွက်
အထူးထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည် ကို ရွေးချယ် အသုံးပြုသင့်ပါတယ်။
အရွယ်မတိုင်မီ ငယ်ငယ် ရွယ်ရွယ်နှင့် ဆံပင်ဖြူခြင်းဟာ ပုံမှန်ထက်
လျင်မြန်စွာ အိုမင်းလာတယ်လို့ မဆိုလိုပါဘူး။
