မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Thursday, 9 May 2013

မိတ်ကောင်းဆွေစစ်

ငါ့အတွေးကို
အလေးဖြည့်ပေး၊ မနှောင့်နှေးသူ၊
ငါ့အရေးကို
အတွေးဖြည့်ပေး၊ မနှောင့်နှေးသူ၊
ငါ့စကားကို
အားအင်ဖြည့်ပေး၊ မနှောင့်နှေးသူ၊
ငါ့အသိကို
အပြည့်ဖြည့်ပေး၊ မနှောင့်နှေးသူ၊
ငါ့အမြင်ကို
ကြည်လင်မှုပေး၊ မနှောင့်နှေးသူ၊
ငါမှားနေပြန်
အမှန်ပြင်ပေး၊ မနှောင့်နှေးသူ၊
ငယ်စဉ်ကလျှင်၊ တူယှဉ်မခွဲ
သူနှင့်တွဲမို့၊ လူထဲပေါက်ရောက်
ပြောင်ပြောင်မြောက်နှင့်၊
ထွန်းတောက်လို့လာ
ငါ..ငါ..ငါ..ပေါ့
သူဟာငယ်ပေါင်း၊ စိတ်မပြောင်း…တဲ့
"မိတ်ကောင်းဆွေစစ်၊ ပညာ" ဖြစ်၏။