မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday 13 May 2013

ထူးချွန် ထက်မြက်သော တရုတ် မင်းသမီး "Fan Bing Bing"

တရုတ်ပြည်မှာ မင်းသမီးတွေ အများကြီး ရှိပါတယ်။ အများကြီး ထဲကမှ ရုပ်ရည် ချောမောခြင်း၊ အရည် အချင်း ရှိခြင်း၊ ထူးချွန် ထက်မြက်ကာ ကျော်ကြားခြင်း၊ ဖက်ရှင်ကျကျ ဝတ်စား ဆင်ယင်

တတ်ခြင်း စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံတဲ့ မင်းသမီးကို ပြပါဆိုရင်တော့ မင်းသမီး "Fan Bing Bing"ကို န်ပြရမှာပဲ ဖြစ်ပါတယ်။ "Fan Bing Bing"ဟာ အဆိုတော်၊ မင်းသမီးအပြင် producer တစ်ယောက်လည်း ဖြစ်ပါတယ်။ တရုတ် ရာဇဝင်ဇာတ်ကား တော်တော်များများကို ရိုက်ကူးခဲ့တဲ့ မင်းသမီးပါ။ ကော်ဇောနီပေါ်မှာ အမြဲ တွေ့နေရတဲ့ celebrity တစ်ယောက်လည်း ဖြစ်ပါတယ်။ မျက်ဆန် နက်နက်နဲ့ ကြီးမားတဲ့ မျက်လုံးတွေ ဟာ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့  သူမရဲ့ ထူးခြားတဲ့ အလှတရား တစ်ခုလည်း ဖြစ်ပါတယ်။ Chinese media သမားတွေနဲ့ သူမရဲ့ Fan များက nickname အဖြစ် "Fan Ye"လို့ ခေါ်ကြပါတယ်။ မေတ္တာတရား ကြီးမားပြီး စိတ်စေတနာ ကောင်းကာ စိတ်ဓာတ် ကြံ့ခိုင်တဲ့ မင်းသမီး တစ်လက် အဖြစ်လည်း အများက သတ်မှတ် ထားကြပါ တယ်။

"Fan Bing Bing"ကို ၁၉၈၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ Shandong, China မှာ မွေးဖွား ခဲ့ပါတယ်။ တရုတ် ပြည်မှာတော့ "Fan Bing Bing"ကို ၂ဝ၁ဝ ပြည့်နှစ်ရဲ့ အလှဆုံး အမျိုးသမီး အဖြစ် အားလုံးက သတ်မှတ် ထားကြပါတယ်။ သူမရဲ့ ထူးခြား ဆန်းပြားပြီး လှပတဲ့ ဖက်ရှင်တွေကြောင့်လည်း ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။ သူမရဲ့ အောင်မြင်သော အနုပညာ မှတ်တိုင်ဖြစ်ခဲ့တဲ့ Buddhist Mountain, The Fountain of a Party, Shaolin ဇာတ်ကားကြောင့် အောင်မြင်မှုတွေ ထပ်ဆင့် တိုးလာ ခြင်းလည်း ဖြစ်ပါတယ်။ Vanity Fair's Inter-national Best Dressed ၂ဝ၁၂ ခုနှစ် စာရင်းမှာ နံပါတ်ကိုး နေရာ ချိတ်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ Elle USA က Personal Style Award ဆုကို ဂုဏ်ပြုချီးမြှင့် ခဲ့ပါတယ်။ Paris, Beijing, Shanghai  မှာကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲ တွေကိုလည်း တက်ရောက် ခဲ့ပါတယ်။ ကမ္ဘာကျော် ဖက်ရှင် brand များဖြစ်တဲ့ Valentino Garavani, Giorgio Armani, Salvatore Ferragamo Italia S.P.A., Versace, Louis Vuitton အစရှိတဲ့ နာမည်ကျော် တံဆိပ်တွေရဲ့ ဖက်ရှင် ပွဲများမှာလည်း ဖိတ်ကြားခြင်း ခံရသူပါ။ တရုတ်ပြည်ရဲ့ ဖက်ရှင် မျက်နှာဖုံးလို့  တင်စား ရလောက်အောင် အရည်အချင်း ပြည့်ဝပြီး ကျော်ကြားသူ တစ်ယောက်ပါ။

၁၉၉၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Princess Pearl ဇာတ်ကားနဲ့ ပရိသတ် အသည်းကျော် မင်းသမီး တစ်လက် ဖြစ်လာ ခဲ့ပါတယ်။ အာရှတစ် ဝန်းမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ Buddhist Mountain ဇာတ်ကားနဲ့ Best Actress ဆုကို ရရှိ ခဲ့ပါတယ်။ ထိုဇာတ်ကားနဲ့ Tokyo International Film  Festival မှာ Best Actress ဆုကို ထပ်မံ ရရှိ ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ Cell Phone အမည်ရှိ ဇာတ်ကားကို ရိုက်ကူး ခဲ့ပါတယ်။ ထိုဇာတ်ကားနဲ့ BestActress ဆုကို ရရြှိ ပန်ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာတော့ The Matrimony ဇာတ်ကားနဲ့ အောင်မြင် မှုကို ထပ်မံ ရရှိခဲ့ ပြန်ပါတယ်။ သူမရဲ့ အနုပညာ လမ်းကြောင်း အောင်မြင်မှုတွေ တိုးလာတဲ့ ဇာတ်ကားဖြစ်ပြီး Best Supporting Actress ဆုကို ရရှိ ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် ကတော့ သူမရဲ့ အလုပ် အများဆုံး နှစ်လို့တောင် ပြောလို့ ရပါတယ်။ တစ်နှစ် အတွင်း ရုပ်ရှင် ဇာတ်ကား ရှစ်ကားကို ရိုက်ကူးခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ တရုတ် ပြည်ရဲ့ နာမည်ကျော် မင်းသား Jackie Chan နဲ့အတူ Shinjuku incident ဇာတ်ကားကို ရိုက်ကူး ခဲ့ပါတယ်။ နာမည်ကျော် မင်းသမီးချော Zhang Ziyi နဲ့ တွဲဖက်ပြီး Sophie's Revenge ဇာတ်ကားမှာ လည်း ပါဝင် သရုပ်ဆောင် ခဲ့ပါသေးတယ်။ Bodyguards and Assassins ဇာတ်ကားနဲ့ Best Supporting Actress အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရ ပြန်ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာပဲ  ရိုက်ကူးခဲ့တဲ့ Lost in Beijing ရုပ်ရှင် ဇာတ်ကားမှာ Best Actress ဆုကို ရရှိခဲ့ ပြန်ပါတယ်။

၂ဝ၁၁ ခုနှစ်မှာ My Way အမည်ရှိ ရုပ်ရှင်ကားကို တောင်ကိုရီးယား မင်းသား Jang Dong Gun (ဒါရိုက်တာရင်)နဲ့အတူ သရုပ်ဆောင် ခဲ့ပါတယ်။ အဲဒီကားမှာ ဂျပန်မင်းသား Joe Odagiri လည်း ပါဝင်ခဲ့ ပါတယ်။ အောင်မြင်တဲ့ ရုပ်ရှင်ကား တစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် အတွက် Double Xposure  ရုပ်ရှင်ကားမှာ သရုပ်ဆောင် ထားပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ The Moon and The Sun အမည်ရှိ ရုပ်ရှင်ကားကို ရိုက်ကူးထားကြောင်း သိရပါတယ်။ မင်းသမီး "Fan Bing Bing"ဟာ ပရဟိတ အလုပ်တွေကို  အားတက်သရော လုပ်ကိုင်နေတဲ့ သူလည်း ဖြစ်ပါတယ်။      ။