မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 5 May 2013

အသစ်အဆန်း ကိုင်ချင်သူများအတွက် ဈေးသက်သာ Guophone N7100

Samsung Galaxy Note 2 နဲ့တောင် သူသယောင် ရှိတဲ့ အသွင်အပြင် မို့ Note 2 လို့တော့ မထင်လိုက်ပါနဲ့။ Samsung Product လည်း မဟုတ်ပါဘူး။

အွန်လိုင်းမှာ အရောင်းသွက်နေတဲ့ စမတ်ဖုန်း တစ်မျိုး ဖြစ် ပါတယ်။ ဈေးသက်သာ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၃ လက်မ၊ Android 4.0 OS သုံး စမတ်ဖုန်း ဖြစ်ပြီး RAM 512 ပဲ ရှိပါတယ်။ Internal Memory ကတော့ 2GB ပါ။ SD ကဒ်က 32 GB လည်း ထည့်နိုင်ပါသေးတယ်။


ကင်မရာ ကတော့ သိပ်အကောင်းကြီး ဖြစ်တဲ့ ဖုန်း မဟုတ်ပါဘူး။ ရှေ့ နဲ့ နောက် နှစ်ခုလုံးပါပေမယ့် နှစ်ခုလုံးရဲ့  ကင်မရာက 2 MP အတူတူတွေချည်း ဖြစ်ပါတယ်။ ဒီတစ်ခုက သူ့ရဲ့  ထူးခြားချက်ပါ။ ဖန်သားပြင်က VWGA Screen ဆိုတော့ AMOLED တို့လောက် မကောင်းတာတော့ သေချာပါတယ်။

အနှစ်ချုပ်ကြည့်လိုက်ရင် သူ့ Specification တွေက အမြင့်ဖုန်းတွေကိုလည်း သိပ်မမှီ၊ အနိမ့်ဖုန်းတွေထက်လည်း သာနေပါတယ်။ ဒီတော့ ဈေးကိုကြည့်ရအောင် ..

အမေရိကန်ဒေါ်လာ ၁၁၅.၄၃ ဒေါ်လာပဲ ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် တစ်သိန်း ဝန်းကျင်ပါပဲ။ တကယ်ရောက်ရင်တောင် ၁ သိန်း ၂ သောင်းထက် မပိုနိုင်ပါဘူး။ ဒါဆိုရင် သူ့ဟာနဲ့သူလေးတော့ တန်တဲ့ ဖုန်းတစ်လုံး ဖြစ်နေပါပြီ။ အာမခံချက် ၁ နှစ်ပေးထားပါတယ်။ ဖုန်းနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက်ကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
--
http://www.ahappydeal.com/product-125107.html?lkid=8175&utm_source=facebook&utm_medium=facebook_Tec&utm_campaign=wangjun&buffer_share=5cb4c