တေးသီချင်း တစ်ပုဒ် ပေါက်ရင်ဖြင့် လူငယ်ထုရဲ့ ပါးစပ်ဖျား၊ ဒါမှ မဟုတ်
အချစ် သီချင်း ချိုချိုလေးတွေ ဆိုရင်ဖြင့် လူငယ်တွေရဲ့ ဂစ်တာဝိုင်း တွေမှာ
ကြားရလေ့ ရှိပါတယ်။ အဲဒီ လို အောင်မြင်တဲ့ တေးသီချင်း တစ်ပုဒ် ရဲ့
နောက်ကွယ်က ဖန်တီးသူ တေးရေးဆရာနဲ့ အသက်သွင်းသူ တေးဆို တို့ရဲ့ အောင်မြင်မှု
အပေါ် ခံစားချက် လေးတွေကို တေးသီချင်း ချိုချို အောင်မြင်မှု ချိုချို ဆိုတဲ့
ကဏ္ဍလေး ကနေ တင်ဆက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ 8 Days ရဲ့ တေးချစ်
ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ယူဆရင်း တင်ဆက်လိုက်ပါတယ်။
ရေးဖြစ်ခဲ့တဲ့အကြောင်း
ဒီသီချင်းကို ပထမဦးဆုံးကရင် သီချင်းလေးအဖြစ် ရေးသားခဲ့တယ်။ “သတိထား” အခွေ လုပ်တော့မှ ဒီ ကရင် သီချင်းလေးကို နှစ်သက်လို့ မြန်မာလို အရင် ဆိုလိုက်တယ်။ Recording ပြီးခါနီးမှ အင်္ဂလိပ်လို ဆိုချင်စိတ် ဖြစ်လာလို့ ဆရာကိုထွန်း ကို ဘာသာပြန်ပေးဖို့ အကူအညီ တောင်းပြီး ရေးဖြစ်ခဲ့တာပါ။
အချိန်တွေ သတ်မှတ် မထားဘူး
သီချင်းတွေကို အမြဲကိုယ်တိုင် ရေးဖြစ်အောင် ကြိုးစားတယ်။ ရေး လို့ကောင်းတဲ့ အချိန်၊ ဆိုလို့ကောင်း တဲ့အချိန် ဆိုပြီးတော့လည်း သတ်မှတ်ချက် မထားဘူး။ အဓိက စိတ်ပဲ ပေါ့။ Mood ၀င်နေတဲ့ အချိန်မှာ ဆိုတဲ့ သီချင်းက နားထောင်လို့ အကောင်းဆုံးပါပဲ။
အကြိုက်ဆုံး စာသားလေးရှိတယ်
I Love You သီချင်းထဲမှာ "Actually, your love is giving' me strength, so much so that I can't help appreciating it, honey" ဆိုတဲ့ စကားပြောဟန် စာသားလေးကို ကြိုက်တယ်။ ဘာ ကြောင့်လဲ ဆိုတော့ ဒီသီချင်းက ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ အစစ် အမှန် ခံစားချက်လည်း ဖြစ်တယ်။ ပြီးတော့ ကိုယ့်ကို နားလည်စွာနဲ့ စောင့်မျှော်နေတဲ့ လူတစ်ယောက်ကို Appreciate မလုပ်ဘဲ မနေနိုင်အောင် ဖြစ်မိလို့ပါ။
FM တွေမှာ သီချင်းတောင်းလို့ ပျော်တယ်
I Love You ကို ကော်ဖီဆိုင် လေးတွေမှာ၊ City Mart တွေမှာ ဖွင့်တာ ခဏခဏ ကြားရတယ်။ ပြီး တော့ FM တွေမှာလည်း သီချင်းတောင်းကြတယ်။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ်တွေ အားပေးလို့ အရမ်း ပျော်ပါတယ်။
အသံကို ဂရုစိုက်ဖြစ်တယ်
အဆိုတော်တစ်ယောက်အ တွက် အသံက အဓိကပဲ။ အဲဒါ ကြောင့် ရေခဲရေမသောက်ဘူး။ အာ လူးကြော်၊ ငရုတ်သီးကြော်၊ အဲဒါ တွေရှောင်တယ်။ အိမ်မှာလည်း သီ ချင်းအမြဲဆိုနေတော့ လေ့ကျင့်ပြီး သားဖြစ်ပါတယ်။