မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

နိုင်ငံတော် အစိုးရနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များနှင့် အညီ

 ၁။      နိုင်ငံတော် အစိုးရနှင့် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များနှင့် အညီ
မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေ လက်မှတ်(FEC) ပိုင်ဆိုင်သူများ လက်ဝယ်ရှိသူများ ဆုံးရှုံး နစ်နာခြင်း မရှိစေရန် ရည်ရွယ်ပြီး နိုင်ငံခြားငွေ လက်မှတ် (FEC)များ ပြန်လည်ရွေး နုတ်ယူရေး အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် နိုင်ငံတစ်ဝန်းရှိ အောက်ဖော်ပြပါ ဘဏ်များ၊ ဘဏ်ခွဲများနှင့် ငွေလဲ ကောင်တာ စုစုပေါင်း (၃၅၇)နေရာတွင် နိုင်ငံခြားငွေ လက်မှတ် (FEC) များကို လာရောက် လဲလှယ် အပ်နှံနိုင်ပါသည်-

(က)   မြန်မာ့ စီးပွားရေးဘဏ်၏ ဘဏ်ခွဲ (၂၈၂)ခု
(ခ)     မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ် (၁)ခု
(ဂ)     မြန်မာ့ ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ် (၂)ခု
(ဃ)   မြန်မာ နိုင်ငံသားများဘဏ် လီမိတက် (၂)ခု
(င)     သမဝါယမဘဏ် လီမိတက် (၁)ခု
(စ)     မြန်မာ အရှေ့တိုင်းဘဏ် လီမိတက် (၇)ခု
(ဆ)   အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် (၁)ခု
(ဇ)     ရိုးမဘဏ် လီမိတက် (၁)ခု
(ဈ)    အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် လီမိတက် (၇)ခု
(ည)   ဧရာဝတီဘဏ် လီမိတက် (၂)ခု
(ဋ)     မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် လီမိတက် (၁)ခု
(ဌ)     ပထမ ပုဂ္ဂလိကဘဏ် လီမိတက် (၁)ခု
(ဍ)     ထွန်း ဖောင်ဒေးရှင်းဘဏ် လီမိတက် (၁)ခု
(ဎ)     ယူနိုက်တက် အမရဘဏ် လီမိတက် (၇)ခု
(ဏ)   အင်းဝဘဏ် လီမိတက် (၄)ခု
(တ)   မြန်မာ့ ရှေ့ဆောင်ဘဏ် လီမိတက် (၃)ခု
(ထ)   မြဝတီဘဏ် လီမိတက် (၃)ခု
(ဒ)     ကမ္ဘောဇဘဏ် လီမိတက် (၃၁)ခု
၂။      အဆိုပါ ဘဏ်၊ ဘဏ်ခွဲများနှင့် ငွေလဲ ကောင်တာများ အလိုက် ဝန်ဆောင်မှု ပေးနိုင်သည့် နည်းလမ်းများနှင့် ၄င်းတို့၏ အမည်စာရင်းများကို နောက်ဆက်တွဲ ဖြင့် ဖော်ပြထားပါသည်။ (နောက်ဆက်တွဲကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၏ Website တွင်လည်းကောင်း၊ နေ့စဉ်ထုတ် သတင်းစာ၏ ကြော်ငြာ အချပ်ပိုတွင် လည်းကောင်း ကြည့်ရှုနိုင်ပါသည်။)
၃။      အထက်ပါ စာပိုဒ်(၁)တွင် ဖော်ပြထားသည့် ဘဏ်၊ ဘဏ်ခွဲများနှင့် ငွေလဲ ကောင်တာများ စာရင်းတွင် မပါဝင်သော ပုဂ္ဂလိကဘဏ်နှင့် ဘဏ်မဟုတ်သော ကုမ္ပဏီများ၏ ငွေလဲ ကောင်တာများ တွင်လည်း နိုင်ငံခြားငွေ လက်မှတ်များကို အပ်နှံနိုင်ပြီး တန်ဖိုး ညီမျှသည့် ကျပ်ငွေဖြင့် ငွေသား ထုတ်ယူ နိုင်ပါသည်။
၎။      အဆိုပါ နိုင်ငံခြားငွေ လက်မှတ်(FEC)များ လဲလှယ် အပ်နှံနိုင်သည့် နေရာတိုင်းတွင် နိုင်ငံခြားငွေ လက်မှတ်(FEC)၏ ငွေလဲလှယ်နှုန်းသည် အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းနှင့် တူညီစွာ တွက်ချက် လဲလှယ်ပေးမည် ဖြစ်ပါသည်။
၅။      နိုင်ငံခြား ငွေလက်မှတ် (FEC) ပိုင်ဆိုင်သူများနှင့် လက်ဝယ် ထားရှိသူများသည် အထက်ပါ ဘဏ်များ၊ ဘဏ်ခွဲများနှင့် ငွေလဲကောင်တာ များတွင် မိမိတို့၏ သက်ဆိုင်ရာ  အထောက်အထား စာရွက်စာတမ်း  (နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် Passport သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင်)ကို တင်ပြပြီး ဘဏ်လုပ်ထုံး လုပ်နည်းနှင့်အညီ ဖော်ပြထားသည့် နည်းလမ်းများအတိုင်း လဲလှယ်/အပ်နှံ နိုင်ပါသည်။
၆။      နိုင်ငံခြားငွေ လက်မှတ် (FEC)များ အပ်နှံ လဲလှယ်ရာတွင် သိရှိလိုသည့် စာရွက်စာတမ်း များနှင့် အဆင်မပြေမှု၊ အခက်အခဲ တစ်စုံတစ်ရာ ရှိသည့်အခါ အောက်ပါ လိပ်စာများသို့ ဆက်သွယ် အကြောင်း ကြားနိုင်ပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စွာ လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
                                       မြန်မာ နိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဌာန
                                      ဖုန်း     ဝ၁-၅၄၃၁၃၆၊  ဝ၁-၅၄၃၅၃၂၊  ဝ၁-၅၅၉၂၇၈၊
                                                ဝ၁-၈၆ဝ၃၇၄၈
                                      ဖက်စ်  ဝ၁-၅၄၃၅၃၂
                                      Email nawehhpaw305@gmail.com
၇။      အထက် ဖော်ပြပါ အချက်အလက်များကို မြန်မာ နိုင်ငံတော် ဗဟိုဘဏ် Website: www.cbm.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

                                                နိုင်ငံခြားငွေလက်မှတ် (FEC)များ ပြန်လည်ရွေးနုတ်ယူခြင်း
                                                                    လုပ်ငန်းကြီးကြပ်မှုကော်မတီ