ဒဏ္ဏာရီလေးတစ်ပုဒ်....။
ပျားလေးတစ်ယောက်
ပန်းလေးတစ်ဦး
သူငယ်ချင်းဖြစ်ဘူးသတဲ့..... ။
လေညှင်းလေးကပြောတယ်..
ပန်းလေးကသိပ်လှတယ်တယ့်၊
ပျားလေးကပြန်ပြောတယ်
ပန်းတိုင်းလှတာသူသိတယ်တယ့်ေ လ။
ဒီတော့......ပန်းလေးရင်ထဲ
တိတ်တိတ်လေးငိုမိတယ်၊
ဒီပျားလေးအတွက်ပဲဆိုတာမသိဘူးလား
လို့လေ။
အစိမ်းရောင်ပိတုန်းလေးရောက် လာတယ်၊
ပန်းကလေး အငိုတိတ်ဖို့
သူချော့သိပ်မယ်တယ့်......။
ဖြေသိမ့်စရာပိတုန်းလေးဟာ
ပန်းလေးအတွက်သူရဲကောင်းကြီး ပေါ့......။
လေညှင်းလေးက
တိုးတိုးလေးပြောဖြစ်တယ်....
အဆိပ်သင့်ပန်းလေးမဖြစ်စေနဲ့ တယ့်........။
ကြောက်ရွံ့ဝမ်းနည်း ပန်းရင်ထဲကို
ခဏဖြစ်ဖြစ် မင်းဝင်ကြည့်လို့
တမ်းတငိုရင်း ၊လွမ်းမျက်ရည်ပြိုခဲ့တယ်...
မင်းသိရဲ့လား ပျားလေးရယ်.......။
ပန်းငိုညည်းသံ၊
သဲ့သဲ့ကြားမှ ......
ပျားလေးရောက်လာ......
ဘာကြောင့် ပန်းငို
မဆိုမမေး နွေးထွေးစွာပွေ့......
သူငယ်ချင်းအဖြစ်ကိုမေ့လို့
မွှေးကြိုင်ရနံ့ ဖွဖွနမ်းရှိုက်
တေးသွားသီကြူးဆိုညည်းဖူးခဲ့ .....
သိပ်ချစ်တာပဲ
ပန်းဦး....ရယ်တယ့်....၊.
ပန်းလေးလဲအငိုတိတ်
ပျားရင်ခွင်မှာ
အိပ်မှ၊
ပိတုန်းစိမ်း ထအပြန်-
ဟန်ပန်နဲ့ သက်ပျင်းချ
ပျားလေးကို မျက်စပစ်-
လေညှင်းလေးက တိုးတိုးလေးပြောဖြစ်.....
ချစ်သူများရဲ့ နေ့သစ်တယ့်လေ.......
ပျားလေးတစ်ယောက်
ပန်းလေးတစ်ဦး
သူငယ်ချင်းဖြစ်ဘူးသတဲ့.....
လေညှင်းလေးကပြောတယ်..
ပန်းလေးကသိပ်လှတယ်တယ့်၊
ပျားလေးကပြန်ပြောတယ်
ပန်းတိုင်းလှတာသူသိတယ်တယ့်ေ
ဒီတော့......ပန်းလေးရင်ထဲ
တိတ်တိတ်လေးငိုမိတယ်၊
ဒီပျားလေးအတွက်ပဲဆိုတာမသိဘူ
လို့လေ။
အစိမ်းရောင်ပိတုန်းလေးရောက်
ပန်းကလေး အငိုတိတ်ဖို့
သူချော့သိပ်မယ်တယ့်......။
ဖြေသိမ့်စရာပိတုန်းလေးဟာ
ပန်းလေးအတွက်သူရဲကောင်းကြီး
လေညှင်းလေးက
တိုးတိုးလေးပြောဖြစ်တယ်....
အဆိပ်သင့်ပန်းလေးမဖြစ်စေနဲ့
ကြောက်ရွံ့ဝမ်းနည်း ပန်းရင်ထဲကို
ခဏဖြစ်ဖြစ် မင်းဝင်ကြည့်လို့
တမ်းတငိုရင်း ၊လွမ်းမျက်ရည်ပြိုခဲ့တယ်...
မင်းသိရဲ့လား ပျားလေးရယ်.......။
ပန်းငိုညည်းသံ၊
သဲ့သဲ့ကြားမှ ......
ပျားလေးရောက်လာ......
ဘာကြောင့် ပန်းငို
မဆိုမမေး နွေးထွေးစွာပွေ့......
သူငယ်ချင်းအဖြစ်ကိုမေ့လို့
မွှေးကြိုင်ရနံ့ ဖွဖွနမ်းရှိုက်
တေးသွားသီကြူးဆိုညည်းဖူးခဲ့
သိပ်ချစ်တာပဲ
ပန်းဦး....ရယ်တယ့်....၊.
ပန်းလေးလဲအငိုတိတ်
ပျားရင်ခွင်မှာ
အိပ်မှ၊
ပိတုန်းစိမ်း ထအပြန်-
ဟန်ပန်နဲ့ သက်ပျင်းချ
ပျားလေးကို မျက်စပစ်-
လေညှင်းလေးက တိုးတိုးလေးပြောဖြစ်.....
ချစ်သူများရဲ့ နေ့သစ်တယ့်လေ.......
