မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

ဆယ်မိနစ် အားသွင်းရုံဖြင့် တစ်လသုံး နိုင်သည့် ကမ္ဘာ့ အပါးလွှာဆုံး နာရီ

Central Standard Timing လို့ခေါ်တဲ့ Electronic ကုမ္ပဏီတစ်ခုမှ 0.8 မီလီမီတာသာ အထူရှိသော ကမ္ဘာ့အပါးလွှာဆုံး နာရီကို စမ်းသပ် ထုပ်လုပ် နေပါတယ်။

နာရီကို ကိုယ်ထည်ကို ကွေးညွတ်နိုင်သော ပြော့ပြောင်းတဲ့ Stainless Steel စတီးဖြင့် ပြုလုပ်ထားပြီး၊ display ကိုတော့ Electronic Ink လို့ခေါ်တဲ့ E-ink Electronic paper တစ်မျိုးဖြင့် ပြုလုပ် ထားပါတယ်။

သာမန် Credit Card အကြွေးဝယ်ကဒ် တစ်ခုလောက်သာ အထူရှိတဲ့ ဒီ CST-01 နာရီမှာ သော့သီး ကဲ့သို့သော ခလုပ်တစ်ခုမျှ မပါဝင်ပဲ အချိန်တိုက်ခြင်း၊ ၁၂ နာရီနှင့် ၂၄ နာရီ စနစ်ပြောင်းလဲခြင်း များကို Base Station လို့ခေါ်တဲ့ အားသွင်းနိုင်တဲ့ ထိမ်းချုပ်တုံးလေးမှ တစ်ဆင့် ပြုလုပ် ပေးရမှာ ဖြစ်ပါတယ်။

Micro-Energy Cell လို့ခေါ်တဲ့ အလွန် သေးငယ်ပြီး၊ လေးလံသော ဓါတု ပစ္စည်းများ၊ အဆိပ်သင့် စေနိုင်သော ပစ္စည်းများ မပါဝင်သည့် ဓါတ်ခဲကို အသုံးပြု ထားပါတယ်။

ဆယ်မိနစ် အားသွင်းရုံဖြင့် တစ်လတိုင်အောင် အသုံးပြုနိုင်တဲ့ ၄င်း MEC စနစ် ဓါတ်ခဲမှာ အကြိမ်၁၀၀၀၀ ခန့် အားပြန်လည် ဖြည့်သွင်းနိုင်ပြီး၊ ၁၅ နှစ်ခန့်ထိအောင် အသုံးပြု နိုင်တယ်လို့ ဆိုထား ပါတယ်။