မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

ကမ္ဘာ့ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစားကွင်း

ထိုင်ဝမ်နိုင်ငံ Kaohsiung မှာရှိတဲ့ နဂါး အားကစားကွင်း (Dragon Stadium) ဟာ ကမ္ဘာ့ ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး အားကစား ကွင်းကြီး ဖြစ်ပါတယ်။

ဂျပန် ဗိသုကာပညာရှင် Toyo က ဒီဇိုင်းရေးဆွဲပြီး solar ပြား 8844 ခုကို အသုံးပြုထားကာ အားကစားကွင်းမှာ အသုံးပြုတဲ့ မီးလုံး 3300 နဲ့ ရုပ်မြင်သံကြား screen အကြီးစား နှစ်ခုတို့ အတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင် ပမာဏ ထက်ကို ပိုပြီး ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

တစ်နှစ်ကို ကီလိုဝပ် နာရီပေါင်း 1.14 သန်း ထုတ်လုပ်ပေးပြီး အဲ့ဒီလောက် ပမာဏ ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာမယ့် ကာဘွန်ဒိုင် အောက်ဆိုဒ် 660 တန်ကို လျှော့ချ ပေးနိုင်ပါတယ်။

ဒီအားကစား ကွင်းဟာ 19 ဟက်တာ (190000 စတုရန်းမီတာ) ကျယ်ဝန်းပြီး ထိုင်ခုံနေရာ 55000 ပါရှိတယ်လို့ သိရပါတယ်။