မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

ရုရှားနိုင်ငံသည် တာဝေးပစ် လက်နက်များနှင့်အတူ ၎င်းတို့၏ ရေငုပ်သင်္ဘော စွမ်းပကားများကို ပြည့်စုံစေရန် စီစဉ်ခဲ့

ရုရှားနိုင်ငံသည် တာဝေးပစ် လက်နက်များနှင့်အတူ ၎င်းတို့၏ ရေငုပ်သင်္ဘော စွမ်းပကားများကို ပြည့်စုံစေရန် စီစဉ်ခဲ့ပါသည်။

အဆိုပါ တာဝေးပစ် လက်နက်များသည် ပစ်မှတ်ကို တိတိကျကျနှင့် အဆင့်အတန်း မြင့်မားစွာ ပစ်ခတ်နိုင်သည့်အပြင် ၎င်းတို့၏ မဟာ ဗျူဟာ ဟန့်တားမှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း

ရုရှား ကာကွယ်ရေး ဝန်ကြီးက မတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။ ရေငုပ်သင်္ဘောများတွင် တာဝေးပစ် လက်နက်များ တပ်ဆင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် အဟန့်အတား တစ်ခုအဖြစ် ရေငုပ် သင်္ဘောများ၏ အသုံးပြုမှု အခွင့်အလမ်းများကို သိသိသာသာ မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ပစိဖိတ် ရေတပ် သင်္ဘောစု၏ ရေငုပ်သင်္ဘော ဌာနချုပ်၌ ပြုလုပ်သော အစည်းအဝေး တစ်ခုတွင် Sergei Shoigu က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အရှေ့ဖျားတွင် ရုရှားနိုင်ငံ၏ စစ်ရေးလုံခြုံမှုနှင့် မဟာဗျူဟာ တည်ငြိမ်ရေး အတွက် အထူးပင် အရေးကြီးကြောင်း ပစိဖိတ်ရေတပ် သင်္ဘောစု၏ ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင်များအား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။