မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Monday, 1 April 2013

မြင်းခွာရွက်သုပ်

မြင်းခွာရွက်သုပ်

ပါဝင်သော ပစ္စည်းများ


မြင်းခွာရွက် - ၂၀ ကျပ်သား
ကြက်သွန်နီ - ၁၅ ကျပ်သား
ဆီ - ၁၅ ကျပ်သား
ပုစွန်ခြောက် (ထောင်းပြီး)- ၂ ကျပ်သား
ဆား - ၂ စားပွဲဇွန်း
သကြား - ၁/၂ စားပွဲဇွန်း
သံပရာသီး - ၂ လုံး

ပြုလုပ်ပုံ အဆင့်ဆင့်

မြင်းခွာရွက်ကို အရိုး၊ အရွက် ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ရေခြောက်လျှင် ပါးပါးနုပ်နုပ်စဉ်းထားပါ။ ကြက်သွန်နီ အခွံသင်ပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးပါ။ တစ်ဝက်ကို ဆီပူတွင် အဝါရောင်သမ်းသည် အထိ ကြော်ပြီး ဆယ်ယူထားပါ။

ပထမတွင်- ဇလုံထဲသို့ မြင်းခွာရွက်၊ ကြက်သွန်နီ၊ ပုစွန်ခြောက်၊ သံပရာရည်၊ ဆား၊ သကြားနှင့် ဆီချက် (၃) စားပွဲဇွန်းထည့်ပြီး ဖွဖွလေး သုပ်ပေးပါ။

ဒုတိယအနေဖြင့်- ပန်းကန်ပြား တစ်ချပ်ထဲတွင် သုပ်ပြီးသား မြင်းခွာရွက်ကို လှပစွာပြင်ကာ ကြက်သွန်ကြော် အပေါ်မှနေ၍ လှပစွာဖြူးပြီး တည်ခင်းနိုင်ပါတယ်။