" ဟေ့ . . မင်းဖုန်းက Bluetooth ကိုဖွင့်လိုက် . . ငါ့ ဖုန်းထဲက Ringtone
အမိုက်စားလေးပေးမလို့ " အဲ့ဒီလို စကားမျိုးကို ကိုယ်တိုင်မပြောဖူး မကြုံဖူးရင်တောင်
ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေသံကိုလူတော်တော်များများ ကြားဖူးပါလိမ့်မယ်
။
Bluetooth လို့ နာမည်ဆန်းဆန်းလေးပေး ထားတဲ့ ကြိုးမဲ့ သတင်းအချက်အလက်
လွှဲပြောင်းပို့ဆောင်ရေး နည်းလမ်းလေးတစ်ခုကို နည်းပညာခေတ်ကြီးထဲမှာအတော်လေး ရင်းနှီး
ကုန်ကျပါပြီ ။Bluetooth Mouse , Bluetooth Headset , Bluetooth Keyboard စတဲ့
အပြာရောင်သွားလေးတွေကိုသင့် ပတ်ဝန်းကျင်တနေရာရာ မှာတော့ တွေ့မြင်နေကျဖြစ်မှာပါ
။
အရင်ဆုံး Bluetooth ဆိုတဲ့ နာမည် အကြောင်းကို အရင်ပြောပါရစေ
-စကင်ဒီနေးဗီးယန်း ဘာသာစကား Blåtand/Blåtann ကို အင်္ဂလိပ်ဘာသာအဖြစ် ပြောင်းလဲထားတဲ့
ဒီ Bluetooth ဆိုတဲ့စကားလုံးဟာ ၁၀ ရာစုနှစ်များလောက်က ဒိန်းမတ်နိုင်ငံကို
တစုတစည်းတည်းဖြစ်အောင် တည်ထောင်ခဲ့တဲ့ ဘုရင် Harald Blåtand ရဲ့အမည်ကို
အတိုချုပ်ထားခြင်းဖြစ်ပါတယ် ။ ဒီ Bluetooth ဆိုတဲ့နာမည်ကိုအရင်ဆုံး စဉ်းစားမိတဲ့
Jim Kardach က စာရေးဆရာ Frans Gunnar Bengtsson ရေးတဲ့The Long Ships about Vikings
and king Harald Bluetooth ဆိုတဲ့ သမိုင်းဝတ္ထု တစ်အုပ်ကို ဖတ်ရာကနေ
အကြံရသွားတယ်လို့ ဆိုပါတယ် ။ ဒဏ္ဍာရီတွေရဲ့ အဆိုအရတော့ အဲ့ဒီ ဘုရင်ကြီးဟာ Blueberry
အသီးတွေကို ကြိုက်နှစ်သက်လို့ အမြဲစားရာကနေသူ့ ရဲ့ သွားတွေဟာ ပြာကုန်လို့
ဒီနာမည်တွင်သွားရတာပါတဲ့ ။
အက္ခရာတွေကို စုပေါင်းထပ်ပြီးရေးသားတဲ့
ရှေးခေတ်အရေးအသားတစ်ခု ကနေဆင်းသက်လာတဲ့ Bluetooth ရဲ့ Logo ကတော့ (Hagall) (ᚼ) နဲ့
(Bjarkan) (ᛒ) ဆိုတဲ့ စကားလုံးတွေကိုပေါင်းရေးထားတဲ့ Harald
Bluetoothဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါဆို Bluetooth ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာဆက်ပြီး
ကြည့်ရအောင် -၁၉၉၄ မှာ Errison ဆိုတဲ့ Telecom ကုမ္ပဏီက
စတင်တီထွင်ခဲ့တယ်လို့ဆိုပါတယ် ။ အဲ့ဒီနောက်တော့ ၁၉၉၈ မှာErrisonကုမ္ပဏီဟာ တခြား
မိတ်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Intel , Nokia , Toshiba တို့နဲ့ ပူးပေါင်းပြီး Bluetooth
Special Interest Group (SIG) ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို နည်းပညာပြန့်ပွားဖို့
တည်ထောင်ခဲ့ပါတယ် ။ SIG ဟာ Bluetooth နည်းပညာ ပြန့်ပွားရေးကို သာ
အဓိကထားတဲ့အဖွဲ့အစည်းဖြစ်လို့ အခုဆိုရင် အသင်းဝင် ကုမ္ပဏီပေါင်း
တစ်သောင်းခွဲလောက်တောင် ရှိနေပါပြီ
။Bluetoothရဲ့အလုပ်လုပ်ပုံကတော့ဒီလိုပါရေဒီယိုနည်းပညာကို အသုံးပြုထားပြီး Frequency
2.4 - 2.485 GHz အတွင်းမှာ အလုပ်လုပ်တဲ့ Personal Area Network (PAN) လို့
ပညာရှင်များအသိအမှတ်ပြုကြပါတယ် ။ ကွန်ပျူတာ နဲ့ ဖုန်း ဒါမှမဟုတ် ဖုန်း အချင်းချင်း
သတင်း ဒေတာ အချက်အလက်တွေပေးပို့တဲ့နေရာမှာအဓိကအသုံးပြုပါတယ် ။ SIG ထွက်ပေါ်လာပြီး
၂၀၀၀ ပြည့်နှစ်လောက်မှာမှ ဖုန်းတွေမှာ တပ်ဆင်အသုံးပြုနိုင်ခဲ့ ပါတယ် ။ Version
အမျိုးမျိုးနဲ့ အဆင့်မြှင့်တင်ပြီး ထုတ်လုပ်ခဲ့တာဟာ အခုဆို Version 4 အထိတောင်
ရောက်ခဲ့ပါပြီ ။ နာမည်ကြီး ဖုန်းအမျိုးအ စားဖြစ်တဲ့ iPhone 4s မှာ Bluetooth 4.0
ကို အထောက်အပံ့ပေးထားပါတယ် ။ ဗားရှင်းတွေမြင့်လာတာနဲ့ အမျှ ပါဝါ
စားသုံးမှုတွေကိုလည်း တဆင့်ပြီးတဆင့် လျော့ချနိုင်ခဲ့သလို
အာရုံခံတဲ့အပိုင်းမှာလည်းပိုမိုအဆင့်မြင့်လာပါတယ် ။ အခုဆိုရင် SIG အဖွဲ့အစည်းမှာ
အသင်းဝင်တွေများ လာလိုက်တာ နည်းပညာလောကရဲ့ နာမည်ကြီး Apple တောင် Board of
Directors ဖြစ်လို့နေပါပြီ။ အချုပ်ဆိုရရင်တော့ ဒီ Bluetooth ဟာ နည်းပညာလောကအတွက်
အထောက်အကူ အများကြီးဖြစ်ခဲ့သလိုကိုယ်ကျိုးမဖက်တဲ့အဖွဲ့အစည်းများကောင်းမှုကြောင့်
ဆက်လက်ပြီးလည်း ရှင်သန် တိုးတက် အသုံးဝင်နေမှာ မလွဲပါပဲ ။
