မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Sunday, 31 March 2013

YTUNE CALLER RINGTONE စနစ် စတင် သုံးစွဲခြင်းနဲ့ YTALK INDIVIDUAL SERVICE စတင် ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

ဒီကနေ့ မနက် ၉ နာရီ ၁၀ မိနစ်က ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ လှိုင်တက္ကသိုလ် နယ်မြေမှာ ရှိတဲ့ မြန်မာ အင်ဖိုတက်ခ် (MICT) ပင်မ ခန်းမ ဆောင်မှာ ရတနာပုံ တယ်လီပို့ ကုမ္ပဏီရဲ့ Ytune Caller Ring Tone စနစ် စတင် သုံးစွဲခြင်းနဲ့ Ytalk Individual Service စတင် ဖွင့်လှစ်ခြင်း အခမ်းအနားကို

ကျင်းပ ပြုလုပ် ခဲ့ပါတယ်။


အဲဒီ အခမ်းအနားမှာ ရတနာပုံ တယ်လီပို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဌာနကြီးမှုး ဦးစိုးအောင်၊ စီမံကိန်းများ တည်ဆောက်ရေး ဌာနကြီး ဌာနမှုး ဦးအောင်စံမြတ်နဲ့ ဖိတ်ကြားထားတဲ့ ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သတင်း မီဒီယာများ စုံညီစွာ တက်ရောက် ခဲ့ကြပါတယ်။

အခမ်းအနားမှာ ရတနာပုံ တယ်လီပို့ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက အဖွင့် အမှာစကား ပြောကြားပြီး၊ စီမံကိန်းများ တည်ဆောက်ရေး ဌာနကြီး ဌာနမှုး ဦးအောင်စံမြတ်က Ytune Caller RingTone စနစ် စတင်အသုံးပြုပုံနဲ့ Ytalk Individual Service ဖွင့်လှစ်မှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ပြောကြားရာမှာ Ytune စနစ် အသုံးပြု ခြင်းဟာ ဖုန်းခေါ်ဆိုရာမှာ ခေါ်ဆိုဘက်ကနေ ဖုန်းခေါ်ဆို နေချိန်မှာ ကြားရတဲ့ ပုံမှန်မြည်သံ နေရာမှာ သီချင်းသံစဉ် (RingTone) သံစဉ်များကို အင်တာနက် ရရှိတဲ့ ဘယ်နေရာ ဒေသမဆို Caller Ring Back Tone ဝန်ဆောင်မှုတွေကို ရယူနိုင်ကြောင်း၊ အသုံးပြုတဲ့ အခါမှာလည်း မိမိတို့ လိုအပ်တဲ့ သီချင်း သံစဉ်များကို ရွေးချယ် အသုံးပြု နိုင်ကြောင်း၊ ဒီစနစ်ဟာ Data ပို့/ယူမှု အားလုံးကို SSL Certificate (Yatanarpon CA) အစုံ ပြုထားခြင်းကြောင့် အသုံးပြုတဲ့ Server များ အားလုံးကို Secure Private Network အတွင်း ချိတ်ဆက် ထားတာကြောင့် လုံခြုံ စိတ်ချရမှု ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Ytalk Individual Service ဟာလည်း အင်တာနက် ကတဆင့် တစ်ကမ္ဘာလုံးကို ဖုန်းဆက်သွယ်တဲ့ Software ဖြစ်တာကြောင့် Ytalk အသုံးပြုတဲ့ နေရာမှာ အင်တာနက်လိုင်း မလိုဘဲ အသုံးပြုလို့ ရနိုင်ကြောင်း၊ စတဲ့ အကြောင်းအရာ များကို အကျယ်တဝင့် ရှင်းလင်း ပြောပြ သွားပါတယ်။

အဲဒီနောက်မှာ တက်ရောက် လာကြတဲ့ ပရိတ်သတ် များကို Ytune Caller Ring Tone စနစ်နဲ့ Ytalk Individual Service စနစ် အသုံးပြုပုံ တို့ကို ဗွီဒီယို ရုပ်ပုံကားချပ် များနဲ့ ရှင်းလင်း တင်ပြခဲ့ပြီး၊ Ytalk စနစ်နဲ့ နိုင်ငံတကာကို ဖုန်းခေါ်ဆိုမှုအား လက်တွေ့ သရုပ်ပြ ဆက်သွယ် ခေါ်ဆိုခဲ့ကြကာ အခမ်းအနား ကို နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ တယ်လို့ သိရ ပါတယ်။