မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

Anchorman: The Legend Continues ဇာတ်ကားတွင် နီကိုးကစ်ဒ်မင်း ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင်မည်

ရုပ်ရှင် မင်းသမီးချော နီကိုးကစ်ဒ်မင်းသည် Anchorman: The Legend of Ron Burgundy ဇာတ်ကား၏ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်သည့် ''Anchorman: The Legend

Continues'' ဇာတ်ကားတွင် ဧည့်သည် သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း The Hollywood Reporter တွင် ဖော်ပြ ထားသည်။


''Anchorman: The Legend Continues'' ဇာတ်ကားအား မူလ ရုပ်ရှင် ဇာတ်ကားကို  ရိုက်ကူး ပေးခဲ့သော အဒမ်မက်ခ်ကေးကပင် ရိုက်ကူးပေး သွားမည် ဖြစ်ပြီး ဂျက်ဒ်အ ဖာတော် က ထုတ်လုပ်သူ အဖြစ် တာဝန် ယူသွားမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကားကို ဒီဇင်ဘာ ၂ဝ ရက်တွင် ရုံတင်ပြသ သွားရန် မျှော်မှန်းထားပြီး အဓိက သရုပ်ဆောင် များ အဖြစ် ဝဲလ်ဖား ရယ်လ်၊ ခရစ္စတီးနား အပ်ပယ်ဂိတ်၊ ပေါ်လ်ရုဒ်၊ စတိဗ်ကာရယ်နှင့် ဒေးဗစ်ကို့ချနာတို့က ပါဝင် သရုပ်ဆောင် ထားသည်။