မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

နေပြည်တော်- ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန် -မန္တလေးလမ်း ပိုင်း၌ သင်္ကြန် အထူးရထားများ အစုန်/ အဆန် ပြေးဆွဲမည်

သင်္ကြန်ရုံး ပိတ်ရက်ကာလ အတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး အတွက်

လက်ရှိ နေပြည်တော်- ရန်ကုန် ပြေးဆွဲ နေသော အမှတ်(၃၂) အစုန်၊ အမှတ်(၈) အစုန် အမြန် ရထားနှစ်စင်း အပြင် အထူး ရထား နှစ်စင်းအား ဧပြီ ၁၁ ရက်နေ့တွင် နေပြည်တော်- ရန်ကုန် ခရီးစဉ် အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား (၁)သည် နေပြည်တော်မှ ည၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန် အထူး ရထား (၂)သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။


သင်္ကြန်အကြို ကာလ အတွက် ဧပြီ ၁၂ ရက်နေ့နှင့် ဧပြီ ၁၃ ရက် နေ့တို့တွင် အထူးရထား တစ်စင်းစီအား ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့ ပြေးဆွဲမည်ဖြစ်သည်။ သင်္ကြန်အလွန် ကာလအတွက် ဧပြီ ၁၇ ရက်နေ့ တွင် သင်္ကြန်အထူး ရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း၊ ဧပြီ ၁၈ ရက်နှင့် ဧပြီ ၁၉ ရက်နေ့များတွင် အထူးရထား နှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာမှ လည်းကောင်း၊ ဧပြီ ၂ဝ ရက်နေ့တွင် အထူးရထား တစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ လည်းကောင်း ပြေးဆွဲ သွားမည် ဖြစ်သည်။

ရန်ကုန်- မန္တလေးအဆန် အထူးရထားသည် ရန်ကုန် ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေး ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၄ဝ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ပြီး မန္တလေး- ရန်ကုန် အစုန် အထူး ရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင် ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်သည်။

အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွား ပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော် ခရီးစဉ်အဖြစ် လက်ရှိ အမှတ်(၃၁) အဆန်၊ အမှတ်(၇) အဆန် အမြန် ရထား နှစ်စင်းအပြင် နောက်ထပ် အထူးရထား နှစ်စင်းကို ဧပြီ ၂၁ ရက်နေ့တွင် ပြေးဆွဲပေးမည် ဖြစ်ရာ အဆန် အထူးရထား (၁)သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော် သို့ နောက် တစ်နေ့ နံနက် ၄ နာရီခွဲ တွင်လည်းကောင်း၊ အဆန် အထူးရထား (၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင် လည်းကောင်း ရောက်ရှိ မည်ဖြစ်သည်။

အထက်ပါ နေပြည်တော် - ရန်ကုန်အထူး (အစုန်/ အဆန်) ရထားများကို ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင် ကလေး ဘူတာများတွင် ရပ်တန့်သွားမည် ဖြစ်ပြီး ရန်ကုန် - မန္တလေးအထူး (အစုန်/ အဆန်) ရထားများကို တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည် ဘူတာများတွင် ရပ်တန့် သွားမည်ဖြစ်သည်။ သင်္ကြန်ကာလ အတွင်း ဧပြီ ၁၄ ရက်နေ့မှ ဧပြီ ၁၆ ရက်နေ့ အထိ အဆိုပါ အထူးရထား ပြေးဆွဲခြင်းကို ရပ်နား ထားမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သတင်းရရှိသည်။