Google ရဲ့ Android OS နဲ့ Laptop ထုတ်တာဟာ ပထမဆုံးတော့ မဟုတ်တော့ ပါဘူး။
၂၀၁၀ ခုနှစ်လောက် ကတည်းက ဂျပန် Tochiba မှ AC100 အမည်ရ Laptop ကို Android OS နဲ့ ထုတ်လုပ် ဖြန့်ချိ ခဲ့ဖူးပါတယ်။ Asus Transformer Pad Infinity အမည်ရ Keyboard Dock ပါ Android Tablet ကလည်း Netbook တစ်လုံး လိုတောင် အသတ်မှတ် ခံရပါတယ်။ ဒီတော့ Android OS နဲ့ Laptop ထုတ်တယ် ဆိုတာ ပထမဆုံး မဟုတ်တော့ ပါဘူး။
သို့ပေမယ့် Google ရဲ့ ကိုယ်ပိုင် Android OS နဲ့ ကိုယ်တိုင် Laptop လုပ်မယ်ဆိုတော့ အားလုံး စိတ်ဝင် စားကြပါတယ်။ Google Play Store လည်းပါမယ်။ Google ရဲ့  အခြားသော Service များလည်း ပါမယ်။ Android ဂိမ်းတွေ ဆော့လို့ရမယ် ဆိုတော့ တော်တော်လေးကို ကောင်းတဲ့ အနေ အထားပါ။ အသေးစား မိုဘိုင်း ပစ္စည်းတွေ မှာပဲ ကောင်းကောင်း အလုပ်လုပ် တယ်လို့ သတ်မှတ် ထားကြတဲ့ Android ဟာ PC ပေါ် ရောက်လာနေပါပြီ။ သူကနေမှ အားသာချက်များ အားနည်းချက်များ ရှိပေမယ့် လက်ခံ နိုင်လောက်တဲ့ အနေအထား တစ်ခုကို Google က ချပြနိုင်မယ်လို့ ယုံကြည် ထားကြပါတယ်။
Google ရဲ့  Android OS သုံး Laptop ကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်အောင် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရပါတယ်။
