မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 5 April 2013

ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် တရုတ် တိုးချဲ့ ထုတ်လုပ်

တရုတ်နိုင်ငံသည် ပြည်တွင်းဖြစ် ပေတူဂြိုဟ်တုစနစ် (BDS) အား တိုးချဲ့ ထုတ်လုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ပြည်တွင်းပြည်ပ မှ အသုံးပြုသူ များအား ပိုမို ဖိတ်ခေါ်နိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုစနစ်အား ပြည်တွင်းလုပ် ဂြိုဟ်တုစနစ် အပေါ်တွင် အခြေခံထားပြီး အချက်အလက် ပြည့်စုံ သော သတင်း စုဆောင်းရေး ဝန်ဆောင်မှု တစ်ရပ် အဖြစ် ဟူပေးပြည်နယ် ဝူဟန် တက္ကသိုလ်ရှိ ဓာတ်ခွဲခန်းက ထုတ်လုပ်ထားခြင်း ဖြစ်သည်။


ဝူဟန်မြို့ရှိ သတင်း နည်းပညာဆိုင်ရာ စုဆောင်းရေး ဌာနသည် ထိုင်းနိုင်ငံ၏ သဘာဝဘေး အန္တရာယ် ခန့်မှန်းရေး ဘူမိဗေဒဆိုင်ရာ သတင်း အချက်အ လက် စုဆောင်းရေး စနစ်တစ်ရပ် ပူးပေါင်း တည်ဆောက်ရန် အတွက် ထိုင်းနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် ဗန်ကောက်မြို့၌ သဘော တူညီမှု တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ခေတ်မီ နည်းပညာများ၊ ဘူမိဗေဒ တိုင်းထွာချက်များ ဆိုင်ရာ ဝန်ဆောင် မှုများကို လက်ခံရယူရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၉ သန်း ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်း ဆောင်ရွက်မှု၌ တရုတ်-ထိုင်း စက်မှုလုပ်ငန်းပိုင်း နယ်ပယ်တွင် BDS hardware ပိုင်း ဆိုင်ရာ ထုတ်လုပ်မှု များလည်း ပါဝင် သွားမည် ဖြစ်သည်။