မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Wednesday, 10 April 2013

“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ ”

တစ်ခါတုန်းက စာသင်ခန်းထဲမှာ ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ ရေအချို့ထည့်ပြီးမတ်တပ်ရပ်လိုက်တယ် ။ သူက ကျောင်းသားအားလုံးမြင်ရအောင်ဖန်ခွက်ကို ကိုင်မြှောက်ပြလိုက်ပြီး ကျောင်းသားတွေကိုမေးလိုက်တယ် ။

“ ဒီဖန်ခွက်အလေးချိန်ဘယ်လောက်ရှိတယ်လို့ထင်လဲ ”

“ ငါးဆယ်ဂရမ် ”.....“ ၁၀၀ ဂရမ် ”....“ ၁၂၅ ဂရမ် ”.. ကျောင်းသားတွေကပြန်ဖြေကြတယ် ။
“ ဒီဖန်ခွက်ကို ချိန်မကြည့်ပဲနဲ့ ဆရာ တိတိကျကျမသိနိုင်ဘူး ” ဖရော်ဖက်ဆာကပြောတယ် ။ “ဒါပေမယ့် ဆရာမေးချင်တာက ဒီဖန်ခွက်ကို ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင် ဘာဖြစ်နိုင်သလဲ ”


“ ဘာမှမဖြစ်နိုင်ပါဘူး ” ကျောင်းသားတွေကပြန်ဖြေတယ် ။
“ ကောင်းပြီ ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ” ကျောင်းသာတွေထဲက တစ်ယောက်က ဖြေယတ် ။
“ မင်းမှန်တယ် ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
“ ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ နာလာမယ် တောင့်တောင့်ကြီးဖြစ်သွားမယ် ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပဲ ”
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီးပြောတယ် ။ တခြားကျောင်းသားတွေက ၀ိုင်းရယ်ကြတယ် ။
“ အရမ်းကောင်းတယ် ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” ပရော်ဖက်ဆာကဆက်မေးတယ် ။
“ မပြောင်းလဲနိုင်ပါဘူး ” လို့ ၀ိုင်းဖြေကြတယ် ။
“ ဒါဆို ဘာလို့ လက်တွေနာကြီးကြွက်သားတွေထုံကျင်တာတွေဖြစ်လာရတာလဲ ”
ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ အကြံအိုက်သွားကြတယ် ။
“ ဒါဆို အခု လို နာကျင်တာတွေက သက်သာအောင် ဘယ်လိုလုပ်သင့်သလဲ ” ပရော်ဖက်ဆာက ထပ်မေးတယ် ။
“ ဖန်ခွက်ကို လွှတ်ချလိုက် ” ကျောင်းသားတစ်ယောက်ကဖြေတယ် ။
“ အမှန်ကန်ဆုံးပဲ ” ပရော်ဖက်ဆာက ဆက်ပြောတယ် ။

“ ဘ၀ရဲ့ ပြဿနာတွေဆိုတာ အခုသင်ခန်းစာနဲ့အတူတူပဲ ဦးခေါင်းထဲကို ပြဿနာတွေ မိနစ်အနည်းငယ်လောက် ထည့်ထားလိုက် အိုကေသွားလိမ့်မယ် ပြဿနာတွေကို အကြာကြီးတွေးနေရင်တော့ စတင်ပြီးခေါင်းကိုက်လာလိမ့်မယ် ။ ”

“ ဘ၀မှာ စိန်ခေါ်မှုတွေ ပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးအကြီးဆုံးပါပဲ ဒါပေမယ့် အဲဒါထက်အရေးကြီးတာကတော့ - - သင်အိပ်ရာမ၀င်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပဲ ”

စိတ်ဖိစီးမှုမရှိပဲ နိုးထလာတဲ့မနက်ခင်းဟာ လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် ။ ဘယ်လိုပြဿနာမျိုးဖြစ်ဖြစ်ကိုင်တွယ်နိုင်စွမ်းရှိပြီး ဘယ်လိုစိန်ခေါ်မှုမျိုးဖြစ်ဖြစ် နည်းလမ်းရှာဖွေရင်ဆိုင်နိုင်တယ် ”