လေယဉ်တစ်စီးက တိမ်တွေကို ဖြတ်သန်းပြီးပျံသန်းနေတယ် ။
ရုတ်တရက်ပဲ ဟန်ချက်မညီပဲ လေယဉ်ဟာ ယိမ်းယိုင်လာတယ် ။ လေယဉ်ပေါ်ပါလာတဲ့လူတိုင်းဟာ အလန့်တကြားနဲ့ ကြောက်ရွံ့ထိတ်လန့်စွာ ဟော်ဟစ်နေကြတယ် ။
ဒါပေမယ့် ကောင်မလေးတစ်ယောက်ကတော့ ငြိမ်သက်စွာနဲ့ပဲ အရုပ်ကလေးတစ်ရုပ်နဲ့ဆော့ကစားနေခဲ့တယ် ။
တစ်နာရီလောက်ကြာပြီးတဲ့အခါ လေယဉ်ဟာ ကုန်းမြေပေါ်ကို အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့တယ် ။ လူတစ်ယောက်က ကောင်မလေးကိုမေးတယ် ။
“ လူတွေဒီလောက်ထိတ်လန့်ကြောက်ရွံ့နေတဲ့အချိန်မှာ မင်း က အရုပ်နဲ့ပဲကစားနေပြီး ဘာလို့မကြောက်တာလဲ ”
ကောင်မလေးကပြုံးပြီးပြန်ပြောတယ် ။
“ သမီးအဖေက ဒီလေယဉ်ရဲ့ လေယဉ်မှူးပိုင်းလော့ လေ သူက သမီးကို မြေပြင်ကို အန္တရာယ်ကင်းစွာ ပို့ပေးမယ်ဆိုတာ သမီးသိနေခဲ့လို့ပေါ့ ”
@@@@@@@@@@@@@@@@@@@@@
“ မိဘဆိုတာ ဘယ်လောက်ပဲ အန္တရာယ် အခက်အခဲတွေကြုံနေပါစေ သားသမီးလက်ကို ဘယ်တော့မှ လွှတ်မချဘူး ”
