မင်္ဂလာပါ မိတ်ဆွေ အလည်လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါ ကျွန်တော်နှစ်သက် မိခဲ့သော စာပေများကို ကူးယူဖော်ပြထားခြင်းသာ ဖြစ်ပါသည်၊၊ ကျွန်တော်ရဲ. ဘလော့မှတ်စုလေးဖြစ်ပါသဖြင့် စာပေဝါသနာသူငယ်ချင်းချစ်မိတ်ဆွေများအားလုံး ပျော်ရွင်ချမ့်နိုင်ကြပါစေ (ဆုံဆည်းရာ)

Friday, 26 April 2013

ပစ္စည်းဥစ္စာတို့၏ အပြစ် နှင့် အကျိုး

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ပစ္စည်းဥစ္စာတို့၏ အပြစ်နှင့် အကျိုး ၅-ပါး အသီးသီးရှိပုံကို ဟောတော်မူသည်။

ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့သည် မီးနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၂။ ရေနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၃။ မင်းနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၎။ မချစ်မနှစ်သက်အပ်သော အမွေခံ သားသမီးဆိုးတို့ကြောင့် အန္တရာယ်ရှိသည်။
၅။ ခိုးသူ၊ ဓားပြတို့ကြောင့် အန္တရာယ်ရှိသည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးဖြစ်သည်။


ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့ဖြင့် မိမိကိုယ်ကို ချမ်းသာစေနိုင်သည်။
၂။ မိဘတို့ကို ချမ်းသာစေနိုင်သည်။
၃။ သားမယား ကျေးကျွန် အလုပ်သမားတို့ကို ချမ်းသာစေနိုင်သည်။
၎။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာစေနိုင်သည်။
၅။ ရဟန်းပုဏ္ဏားတို့အား လှူဒါန်းကျွေးမွေးနိုင်သည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးဖြစ်သည်-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ ပဥစကနိပါတ် ဒီဃစာရိက၀ဂ် ဘောဂသုတ်။